ထိုအချိန်တွင် အခုမှရုံးကပြန်လာသော Mr.Gongက ပန်းခြံ၏အလယ်ရှိစားပွဲတွင်ထိုင်နေသော Kanghan နှင့် Sailom ကိုတွေ့လိုက်ရသည်။ထိုသက်လတ်ပိုင်းအရွယ်အမျိူးသားက သူ့သားဖြစ်သူက ခေါင်းကိုငုံ့ပြီးအိမ်စာလုပ်နေတာကိုကြည့်ပြီး အရမ်းအံ့သြပြီးထူးဆန်းနေသည်။အမေဖြစ်သူ Gingမှာလဲ ဘေးသို့ရောက်လာပြီး ဖန်သားပြတင်းပေါက်ကြီးမှတဆင့် Kanghan တို့ကိုရပ်ကြည့်လိုက်သည်။
"ဒီကလေးကဘယ်သူလဲ အမေ"
Mr.Gongက Kanghan အိမ်သို့မကြာခဏခေါ်လာတတ်သောသူငယ်ချင်းဆိုရင် Nava,Marc, Pimfaတို့နှင့်ရင်းနီးသော်လည်းဒီကောင်လေးကိုတော့တခါမှမမြင်ဖူးပါ။
"Sailom တဲ့၊ အမေ Kanghan ကိုစာသင်ပေးဖို့ဌားထားတာ"
"အဲ့ကောင်လေးက စာသင်ဖို့ကိုဖျက်သိမ်းလိုက်ပြီမဟုတ်လား"
"Kanghan ကိုစာပြန်သင်ဖို့Sailom ဘာလို့သဘောတူလိုက်လဲတော့ အမေမသိဖူး၊ဒါပေမဲ့ ကောင်းတယ်မဟုတ်လာ၊းKanghanစာကြိုးစားနေတာကြည့်ပါဦး၊ အမေဒါမျိူးမမြင်ရတာတော်တော်ကြာပြီ"
အဖွားGingကသူမရဲ့ မြေးကိုချစ်မြတ်နိုးစွာဖြင့်ကြည့်ပြီးပြုံးလိုက်သည်။
"ဟုတ်သားပဲ"
"Sailom ကလဲပြောတယ်၊ Kanghan ကကျောင်းကိုလဲအလေးအနက်ရှိလာတယ်တဲ့"
"ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ"
"မင်းကတော့အဲ့လိုချည်းပဲ၊ ကလေးက ပိုပြီးဝီရိယရှိလာတယ်၊ သူ့ကိုယ်သူပြောင်းလဲချင်စိတ်ဖြစ်လာတာကို၊ကလေးကိုလက်ဆောင်တစ်ခုခုဝယ်ပေးလိုက်တာပိုမကောင်းဖူးလား"
"သူမှ ဘာမှ မတောင်းဆိုတာ"
"ဒါဆိုရင် ကလေးပါးစပ်ကထုတ်ပြောပြီးတောင်းဆိုရင်ကော မင်းကခွင့်ပြုမှာမို့လို့လား"
အဖွားGingက သူစိမ်းတွေလိုဖြစ်နေသောသူမရဲ့သားနှင့်မြေးကိုကြည့်လိုက်သည်။အဖွားGingကထိုအရာကိုနေ့စဉ်မြင်တွေ့နေရခြင်းဖြစ်ပြီး အဖေနဲ့သားကိုအရင်ကလိုစကားပြန်ပြောစေချင်သည်။
ထိုအချိန်တွင် အဖွား Ging ရဲ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာသည်။ဒီနည်းလမ်းက ဒီသားအဖနစ်ယောက်ကိုအချင်းချင်းနားလည်လာနိုင်စေ မည့်အခွင့်အရေးဖြစ်နိုင်သည်။