Part 1

2.1K 63 10
                                    

💎Unicode💎

"ဝမ်ကိုကို"

"......"

ဝမ်ရိပေါ်က မှုံဝါးဝါးသာမြင်နေရတဲ့ထို ၅နှစ်အရွယ်ကောင်လေးဆီသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။

သို့ပေမယ့် သူလက်လှမ်းလိုက်တဲ့အခါ အမှုန့်တွေအဖြစ်ပျောက်ကွယ်သွားတဲ့ ထိုကလေးငယ်ဟာ သူတစ်ချိန်ကသိပ်ချစ်ရတဲ့သူလေးဖြစ်လိမ့်မည်

"ဘယ်မှာလဲ!!!"

"ယုန်ဖြူလေးရေ....မင်းဘယ်ရောက်သွားတာလဲ!!!"

ပွင့်ကျသွားတဲ့မျက်ဝန်းတွေနဲ့အတူ ဝမ်ရိပေါ်က အိပ်မက်ကနေနိုးထလာခဲ့သည်။

"ထပ်ပြီး ဒီအိပ်မက်ပဲလားး"

သူဒီလိုအိပ်မက်မျိုးတွေအမြဲမက်နေခဲ့တာ...ဒါပေမယ့် အိပ်မက်ထဲက ထိုကလေးရဲ့မျက်နှာကို ဘယ်တုန်းကမှမြင်ခွင့်မရခဲ့ဘူး

ထိုကလေးဟာ သူ့အတိတ်တွေရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

သူ့ငယ်ဘဝရဲ့အချိန်တွေမှာ သူ့ထပ်ငါးနှစ်ငယ်တဲ့ ထိုကလေးဟာ ကစားဖော်ဖြစ်ခဲ့သည်။

ကွဲသွားခဲ့တဲ့နှစ်တွေကြာလာတော့ ထိုကလေးမျက်နှာကို သဲသဲကွဲကွဲမမှတ်မိတာ သိပ်တော့မဆန်းပေ။

သူသိတာက ထိုကလေးရဲ့နာမည်ဟာ ယုန်ဖြူလေး ပဲဖြစ်သည်။ပြီးတော့ သူယုန်ဖြူလေးကိုသိပ်ချစ်ခဲ့သည်။

*Ring...Ring....*

ဖုန်းသံကြောင့် နာမည်ကိုကြည့်လိုက်တော့  "ချန်လေး" ဖြစ်နေသည်။

တစ်ချက်ပြုံးဟာ ဖုန်းကိုကောက်ကိုင်လိုက်သည်။ဒါဟာသူ့ရဲ့ အနာဂါတ်သတို့သားလောင်းလေးဖြစ်သည်။

လူများစွာထဲကမှထိုကောင်လေးဟာ သူ့ရဲ့တန်ဖိုးထားရာ

ဝမ်ရိပေါ်က ရည်းစားရှုပ်သည်။ကောင်မလေး ကောင်လေး အကုန်လာထားဆိုသည့်သူမျိုး

သို့သော်ညားလည်း ကျိုးချန်ဟုခေါ်သော  သူ့ရဲ့ချန်လေးဟာ သူ့ဘဝရဲ့တစ်ဦးတည်းသောဟုသတ်မှတ်ထားတဲ့သူ

သူရည်းစားတွေရှုပ်နေတာသိပေမယ့် ခွင့်လွှတ်နားလည်ကာ ဆက်ချစ်ပေးတဲ့ ချစ်စရာ ပါးချိုင့်လေးတွေနဲ့ကောင်လေး

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now