Part 3

862 48 0
                                    

💎Unicode💎

ရုပ်ရှင်ရုံထဲရောက်တော့ ရှောင်းကျန့်က ဝမ်ရိပေါ်ဘေးမှာကပ်ထိုင်လိုက်သည်။

ခုဆိုရင်ဝမ်ရိပေါ်ဟာ သူနဲ့ကျန်းချန်ရဲ့ကြားထဲမှာ

ရုပ်ရှင်ပိတ်ကားရဲ့အလင်းရောင်ကနေ မှုံပြပြမြင်နေရတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ခေါင်းလေးစောင်းလို့ငေးကြည့်မိသည်။

ပြည့်စုံလွန်းတယ်...ဒီလူသားဟာ သူ့အတွက်ရော...သူ့ကစားပွဲအတွက်ရောသင့်တော်လွန်းတယ်

ဝမ်ရိပေါ်က သူ့ကိုဖျက်ကနဲလှည့်ကြည့်လာတဲ့အခါ ရှောင်းကျန့်က ရှေ့တည့်တည့်ကိုပြန်လှည့်လို့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှက်ချင်ယာင်ဆောင်ပစ်သည်။

သူတကယ်ရှက်နေတယ် ထင်လို့ဖြစ်ပါမယ် ဝမ်ရိပေါ်ဟာ သူ့ကိုပြုံးလျက်ကြည့်လို့

မျက်လုံးအိမ်ဟာ ကြည်နူးမှုအပြည့်နဲ့ဝမ်ရိပေါ်ရဲ့လက်ထံကိုဆင်းသက်မိတဲ့အခါ....

လက်ချင်းတွဲထားတဲ့ အဲ့ဒီ့လက်တွေ...

ရှောင်းကျန့်က ခေါင်းလေးငုံ့လို့အကြံထုတ်တယ်...မင်းက ဝမ်ရိပေါ်လက်ကိုကိုင်ခွင့်ရတယ်ဆိုရင်...

ငါက သူ့ရဲ့ပခုံးကိုယူလိုက်ပါရစေ...ခွင့်ပြုချက်တောင်းဖို့တော့မလိုအပ်ဖူးထင်ပါရဲ့

မျက်လုံးတွေဆင်းချလို့ ဘေးက ဝမ်ရိပေါ်ရဲ့ပခုံးပေါ်မှီချပစ်လိုက်သည်။

ဝမ်ရိပေါ်က တွန်းမထုတ်ဘဲ ကျန်လက်တစ်ဖက်က သူ့ခေါင်းကိုခပ်ဖွဖွထိန်းပေးလိုက်တဲ့အခါ ရှောင်းကျန့်ရဲ့ရင်ထဲမှာ လိပ်ပြာတွေက တဝဲဝဲရယ်

ခင်ဗျားကလည်း တကယ်မလွယ်တဲ့ play boyကြီးပါလား ဝမ်ရိပေါ်ရယ်

&&&&&&&&&&&&&

ရှောင်းကျန့်က အိပ်ရာထဲမှာလဲလျောင်းကာ နေ့လည်ကအဖြစ်အပျက်တွေကိုပြန်စဥ်းစားလို့ ပြုံးပျော်နေမိပြန်သည်။

လူကြီးရဲ့ပခုံးလေးဟာသူ့အတွက်ဖြစ်ခဲ့ပြီး လူကြီးရဲ့ကိုယ်သင်းနံ့လေးကိုလည်း တစ်ဝကြီးရှူရှိုက်ခဲ့ရသည်မဟုတ်ပါလား

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now