💎Unicode💎
"ကိုကို"
"အင်း"
"ချန်လေးတို့ဌာနက ဒီတစ်ပတ်ပိတ်ရက်ကို campထွက်ကြမှာ..."
"...."
"ပင်လယ်ကမ်းခြေဘက်ကိုရွေးထားတယ်...အဲ့တာ ကိုကို့ကိုလိုက်စေချင်တယ်"
ရိပေါ်ကတော့တခါင်းတညိတ်ညိတ်နဲ့သာ ပြုံးလျက်
"မင်္ဂလာမဆောင်အခင် အကြိုလို့သဘောထားလိုက်မယ်လေ"
"ဟာ...ကိုကိုနော်"
ရှက်သွေးဖျာနေတဲ့ချန်လေးကိုကြည့်လို့ ရိပေါ်က သဘောတကျရယ်နေမိသည်။
အကြည့်တွေက ချန်လေးရဲ့လည်တိုင်ကိုသက်ဆင်းတဲ့အခါ အနက်ရောင်ဆွဲကြိုးလေးဟာ လည်တိုင်ထက်မှာနေရာယူလျက်
"ဒီဆွဲကြိုးလေးရဲ့သက်တမ်းတောင်အရမ်းကြာပြီပဲ"
ကျန်းချန်က လည်ပင်းကဆွဲကြိုးကိုတစ်ချက်ပွတ်သပ်လိုက်သည်။
"အင်းး တော်တော်ကြာခဲ့ပြီ"
"ဒီဆွဲကြိုးလေးကြောင့်သာမဟုတ်ရင် ချန်လေးက ကိုယ်ချစ်ရတဲ့ ယုန်ဖြူလေးဆိုတာ ကိုယ်သိခဲ့မှာမဟုတ်ဘူး"
"...."
လှုပ်ခတ်နေတဲ့ ကျန်းချန်ရဲ့မျက်ဝန်းတွေဟာ ဂနာမငြိမ်...
"ဟို...စကိတ်သွားစီးရအောင်လေ ကိုကို"
"အင်းး သွားကြတာပေါ့"
စကိတ်ယူရန် အခန်းတစ်ခုကို ဝင်သွားတဲ့ကိုကိုကြောင့် ကျန်းချန်စိတ်အေးသွားရသည်။
"ကိုကိုက ချန်လေးအပိုင်...ပြီးတော့ အတိတ်တွေက ဘာများအရေးပါမှာတဲ့လဲ"
~~~~~~~~~~~~
တကယ်တမ်းcampထွက်တဲ့အခါ ဝမ်းနည်းရသူက ကျန်းချန်ကိုယ်တိုင်ပါပဲ
ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာ ကိုယ့်သူငယ်ချင်းကို ဂရုစိုက် ချစ်ကြည်နူးတဲ့အခါ နာကျင်ရတဲ့နှလုံးသားက ကွဲအက်မတတ်
ပြုံးပြုံးလေးနဲ့သူက အညှိုးတွေကိုစာစီလို့ ဘာမှမဖြစ်သလိုလေးနေတယ်....
ရှောင်းကျန့်ကိုသိစေချင်သည်။ကိုကိုဟာ သူ့ကိုပဲရွေးချယ်မယ်ဆိုတာကိုပေါ့
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024