Part 8

772 45 3
                                    

💎Unicode💎

အဝေးကနေလှမ်းမြင်ရတဲ့ပုံကြောင့် ရှောင်းကျန့်ဟာ ချက်ချင်းအမူးသမားလေးယောင်ဆောင်တယ်

သူ့ရှေ့ကလူဟာလည်း သူ့အားချစ်စဖွယ်ကောင်းတဲ့ကလေးတစ်ယောက်သဖွယ်ကြည့်လို့နေသည်။

"ရှောင်းး"

"ဟင်...လူကြီးလားး"

နှုတ်ခမ်းစူလို့မျက်လုံးမပွင့်တစ်ပွင့်ပြောလာတဲ့ရှောင်ဟာ မူးနေတဲ့ချစ်စရာကောင်လေး

"အရက်နံ့တွေထောင်းကနဲပါလား"

"ဟီးးး"

"ကဲ...ပြောပါဦး ဘာတွေစိတ်ညစ်စရာရှိလို့တုန်း"

"လူကြီးကမှ မချစ်တာ"

"ဟောဗျာ"

"အီးးး လူကြီးကိုသူများက အရမ်းချစ်တာသိရက်သားနဲ့မသိချင်ယောင်ဆောင်တယ် အဟင့်"

မျက်ရည်တွေပါကျလာတဲ့ရှောင်းကျန့်ဟာ ရုပ်ရှင်မင်းသားလေးအလား

"ရှောင်းကလည်းကွာ..."

"သွား ခေါ်ဝူးးး"

"အဟက် အဆိုးလေး"

နှာခေါင်းလေးကိုခပ်ဖွဖွဆွဲအိတော့ လက်ဖဝါးနုနုတွေနဲ့ရိုက်ထုတ်လေရဲ့

"တွဲကြမယ် ဟုတ်ပြီလား"

"ဟင်"

"မတွဲချင်ဘူးလား"

"တွဲမယ်...တွဲမယ်လို့"

"တစ်ခုတော့ရှိတယ်...ချန်လေးကိုမသိစေချင်ဘူးး ရှောင်းသဘောပေါက်မှာပါ"

"အွန်းး ရတယ် ရတယ်...ကတိ"

ဝမ်ရိပေါ်က ရှောင်းကျန့်ကိုကြည့်လို့ခပ်ဖွဖွရယ်သည်။

"ကတိဆိုတာ ဒီလိုပေးရတာ"

နူးအိအိနှုတ်ခမ်းပါးတွေဆီကို
ခန အလည်ရောက်နေတဲ့ဝမ်ရိပေါ်ဟာ လောကကြီးတစ်ခုလုံးကိုမေ့တဲ့အထိပင်

တဒိတ်ဒိတ်နဲ့ကြားနေရတဲ့ရင်ခုန်သံတွေဟာ ဘယ်သူဆီကလည်း မခွဲခြားနိုင်စွာ

ရှေ့ဝိုင်းကလူချောကတော့ ချောင်းတဟွတ်ဟွတ်ဆိုးကာထွက်သွားလေပြီ

အရက်ဆိုင်ရဲ့အပြင်ဘက် လမ်းမပေါ်ကကောင်လေးဟာလည်း မျက်ရည်တွေတသွင်သွင်းစီးလျက်သာ

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now