💎Unicode💎
မနက်ကျောင်းကိုရောက်သည်နှင့် ကျန်းချန်က မုန့်တစ်ထုပ်ကိုသူ့ကိုပေးလာသည်။
ရှောင်းကျန့်က မုန့်ထုတ်ကိုသေချာစိုက်ကြည့်မိသည်
"ကိုကိုက ညတုန်းကငါ့ကိုလာချော့တာသိလားး...ဟီးးး မုန့်တွေလည်းအများကြီးဝယ်လာတာ"
"....."
"အဲ့အထဲက ဒီဟာလေးက စားကောင်းလို့ မင်းအတွက်ယူလာတာ"
ခုံအောက်ကလက်သီးတွေကို အလိုလျောက်ဆုပ်ထားမိသည်။
"ကျေးဇူးပါ ကျန်းချန်...အရမ်းစားကောင်းမယ်ထင်တယ်"
အပြုံးတုတစ်ခုကိုဖန်တီးလို့ကျန်းချန်အားလက်ဆောင်ပေးလိုက်သည်။
"အင်း"
လက်ထဲသို့ရောက်လာတဲ့မုန့်ထုပ်လေးဟာ ခနအကြာမှာတော့ အမှိုက်ပုံးထဲသို့ဆင်းသက်သွားတော့သည်။
"သိပ်ကောင်းမပြနဲ့ကျန်းချန်...အပိုအလုပ်တွေကိုငါသိပ်မုန်းတာ...."
##############
ကြောက်စရာကောင်းဖွယ်ရှိတဲ့ ညတစ်ညရဲ့ပုံသဏ္ဍန်က ဝမ်ရိပေါ်ကိုအေးခဲစေသည်။
တခစ်ခစ်ရယ်နေတဲ့အသံလေးကြားရလို့လှည့်ကြည့်တဲ့အခါ မြက်ခင်းပေါ်က ဒန်းလေးပေါ်မှာထိုင်နေကြတဲ့ကလေးနှစ်ယောက်
"ဝမ်ကိုကို...ဟိုးးးကကြယ်လေးကိုဘယ်လိုခေါ်လဲဟင်"
"ကိုကို့ပါပါးပြောပြတာကတော့ အဲ့ဒါဓူဝံကြယ်တဲ့"
"ဓူဝံကြယ်...ဟုတ်လား"
ကြယ်လိုလင်းလက်နေတဲ့မျက်လုံးလေးတွေနဲ့ သိလိုတစောမေးနေတဲ့ကလေးဟာ သူသိပ်ချစ်ရတဲ့ယုန်ဖြူလေး
"အင်းး ဓူဝံကြယ်လေးက မြောက်အရပ်မှာပဲအမြဲတည်တယ်တဲ့...လမ်းပျောက်နေတဲ့သူတွေတောင် သူ့ကိုကြည့်ပြီးသွားရင်လေ...အိမ်ကိုပြန်ရောက်ကြတယ်တဲ့ "
"တကယ်လားး"
"အင်းး တကယ်ပေါ့"
ယုန်ဖြူလေးဟာ ဓူဝံကြယ်လေးကို လက်ညှိုးထိုးပြီးကတိတစ်ခုကိုပေးတယ်
"သား ဝမ်ကိုကိုရဲ့ ဓူဝံကြယ်လေးဖြစ်ပေးမယ်လေ"
"...."
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanficမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024