💎Unicode💎
ဓားကိုရွယ်ကာ ရှောင်းကျန့် ဆီကိုပြေးလာတဲ့ကျန်းချန်ကြောင့် ဝမ်ရိပေါ်က အလျှင်အမြန် ရှောင်း ကိုဆွဲဖယ်လိုက်သည်။
'စွပ်'
"အ"
"ကျန်းချန်!!!"
ကံတူအကျိုးပေးတယ်ပြောရမလားပဲ..ကျန်းချန်ဟာ အရှိန်လွန်ပြီး သူ့ခန္ဓာကိုယ်သူမထိန်းနိုင်ခဲ့ဘူး....
"ဆေးရုံကားး ခေါ်ပါဦးး!!"
ဝမ်ရိပေါ်ကိုအော်ပြောလို့ လဲကျနေတဲ့ ကျန်းချန်ကိုပွေ့ထူမိသည်။
သူကျန်းချန်ကိုမုန်းပေမယ့် သေတဲ့အထိတော့မဖြစ်စေချင်...
~~~~~
ဆေးရုံရောက်တာနဲ့ခွဲစိတ်ခန်းထဲခေါ်သွားခံရတဲ့ကျန်းချန်ကြောင့်
ရှောင်းကျန့်က စိတ်ပူပန်မိသည်။"သူအဆင်ပြေမှာပါနော်"
"အင်း အဆင်ပြေသွားမှာပါ"
မကြာခင်မှာကျန်းချန်ရဲ့မိဘတွေပါရောက်လာကြသည်။ဝမ်ရိပေါ်ကတော့ ဖြစ်ပျက်ခဲ့သမျှတွေရှင်းပြခဲ့သည်။
ဝမ်ရိပေါ်ကို ထုရိုက်နေတဲ့ ကျန်းချန်ရဲ့မိခင်ကို ရှောင်းကျန့်ဝင်ဆွဲမိသည်။
"မင်းကိုလေ...ငါ့သားလေးက ဘယ်လောက်ချစ်လဲ သိရဲ့လား...ဒါကို ဘယ်လိုတောင်လုပ်ရက်ရတာလဲ"
"ပြီးတော့မင်းးး...ကိုယ့်သူငယ်ချင်းရဲ့ ရည်းစားကိုတောင် ဘာလို့လုယူရတာလဲ!!!"
အော်ဟစ်သောင်းကျန်းနေတဲ့ ကျန်းချန်ရဲ့မိခင်ကြောင့် ဆေးရုံထဲက တစ်ချို့လူတွေက ကွက်ကြည့်ကွက်ကြည့်နှင့်သာ
"ကျန်းချန်က အယောင်ဆောင်ခဲ့တာလေ...ကျွန်တော့်ချစ်ခဲ့တာ ယုန်ဖြူလေးကို...သူ့ကိုမှမဟုတ်တာ"
ဝမ်ရိပေါ်ကိုထပ်ပြီးရိုက်ဖို့ပြင်နေတုန်းမှာပင် ပွင့်ဟလာတဲ့ ခွဲစိတ်ခန်းတံခါးကြောင့် အားလုံးအာရုံပြောင်းသွားကြတော့သည်။
"ဒေါက်တာ...သားလေးးး ကျွန်မသားလေး အခြေအနေ"
"စိတ်မကောင်းပါဘူး...ကျွန်တော်တို့ကြိုးစားကြည့်ပေမယ့် သူ့ရဲ့ ဓားဒဏ်ရာက နှလုံးကိုထိသွားခဲ့တာမို့"
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024