Extra

785 29 12
                                    

💎Unicode💎

အတိတ်နေ့ရက်များဆီသို့...🍂

"ငါ့သူငယ်ချင်းကို အနိုင်ကျင့်လိုက်တယ်ဆိုတာ မင်းတို့လား!!"

လူကောင်သေးသေးလေးနဲ့ရှောင်းကျန့်က ရှေ့က အုပ်စုနဲ့ ထိုးကြိတ်ဖို့အသင့်ဖြစ်နေလေပြီ

"အဲ့တော့ဘာဖြစ်လဲ"

"ဘာဖြစ်လဲဆိုတော့...ကဲကွာ!!"

အများနဲ့တစ်ယောက်ချနေကြရင်း လူတစ်ယောက်အသံကြားလိုက်ရတာမို့ ရှေ့ကအုပ်စုဟာ ပြေးကုန်ကြသည်။

တကယ်တော့ ဒီလူကောင်သေးသေးနဲ့ လက်ဆပြင်းတဲ့ရှောင်းကျန့်ကြောင့်လည်းပါပါလိမ့်မည်။

အနားကိုရောက်လာတဲ့ကိုကိုချောချောနဲ့အတူ ယွီပင်းလည်းပါလာလေသည်။

ထို ကိုကိုဟာ ယုန်ရုပ်ကလေးတွေပါတဲ့ အနာကတ်ပလာစတာလေးတစ်ခုကိုထုတ်လာသည်။

"နောက်ဆိုရန်မဖြစ်ရဘူးနော်...ဒဏ်ရာရသွားပြီကြည့်ပါဦး"

နဖူးကဒဏ်ရာလေးကို ပလာစတာကတ်ပေးလို့ သူ့ပြုံးပြလာသည်။

သူပြန်ပြုံးပြဖို့တောင်မေ့နေတဲ့အထိ ထိုကိုကိုရဲ့မျက်နှာကိုလိုက်ကြည့်နေမိသည်။သူ့ရင်ထဲမှာ အကောင်တစ်ကောင်ဝင်သွားသလိုပါပဲလား

~~~~~~~~~~

ညအိပ်ကြတဲ့အချိန်အထိ နဖူးက ယုန်ရုပ်နဲ့ပလာစတာလေးကို တဖွဖွကိုင်လို တခိခိနဲ့ရယ်မိနေပြန်သည်။

"အဲ့ဒီကိုကိုနမည်က ဘယ်သူလဲသိလား ယွီပင်း"

"ငါကတော့ ဝမ်ကိုကိုလို့ပဲခေါ်တာ"

"ဝမ်ကိုကို...ဝမ်ကိုကိုတဲ့လား"

ထိုနေ့ကစလို့ ရှောင်းကျန့်က ဝမ်ကိုကိုတို့မိသားစု ဂေဟာလေးကို လာလှူမယ့်နေ့တွေကိုအမြဲစောင့်နေတတ်တယ်

တကယ်တန်းလာတဲ့အခါကြရင်လည်း ယွီပင်းနဲ့ပဲ ဆော့ရင်းအချိန်ကုန်တဲ့ ဝမ်ကိုကိုဟာ သူ့ကိုသတိတောင်မထားမိပေ။

တစ်နေ့ ဂေဟာမှဝမ်ကိုကိုတို့မိသားစု တစ်ညအိပ်ဖို့ဖြစ်လာကြသည်။

ညဘက်ကြီး ကြယ်တွေကိုရေတွက်နေကြတဲ့ ကလေးနှစ်ယောက်ရဲ့ နောက်က အမှောင်တစ်နေရာမှာ  သစ်ပင်ကြီးကိုကွယ်လို့ ခိုးကြည့်နေတဲ့ကလေးလေးလည်းရှိခဲ့တယ်

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now