Part 2

974 60 4
                                    

💎Unicode💎

ရှောင်းကျန့်က သူ့လက်ဖဝါးတွေကိုအချင်းချင်းပွတ်လို့ စိတ်လှုပ်ရှားနေမိသည်။

ထို့နောက် တစ်နေရာကိုကြည့်လို့ခပ်ဖွဖွပြုံးမိသည်။

သူ့ဘက်ကိုလမ်းလျှောက်လာနေတဲ့ဝမ်ရိပေါ်ဟာ ဆွဲဆောင်မှုရှိလွန်းလို့ သူ့နှလုံးသားလေးဟာ ပရမ်းပတာဖြစ်နေခဲ့လေပြီ။

ဝမ်ရိပေါ်ဟာ လူရှုပ် လူပွေတစ်ယောက်ဆိုတာလည်း ရှောင်းကျန့်က စုံစမ်းသိရှိခဲ့သည်။

ဒါဟာသူ့အတွက် အခွင့်အရေးတစ်ခုမဟုတ်ပါလား

ဝမ်ရိပေါ်...တစ်နည်းအားဖြင့် လူကြီးနဲ့နီးစပ်ဖို့ ဒီဘားကိုရောက်လာခဲ့သည်မဟုတ်ပါလား

တကယ်ဆို ဘားဆိုတာမျိုးက ရှောင်းကျန့်အတွက်လုံးဝအလှမ်းဝေးတဲ့နေရာတစ်ခု...ဒါပေမယ့်လည်းးး

'ဒုတ်'

ဝမ်ရိပေါ်ကိုမြင်မိပေမယ့် တမင်ဝင်တိုက်မိဖို့ကြိုးစားတဲ့ရှောင်းကျန့်ရဲ့အစီအစဥ်က အောင်မြင်ခဲ့လေပြီ

ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲကို လဲကျခွင့်ရခဲ့တဲ့အချိန်ခနလေးဟာ သူ့အတွက်တော့ နိဗ္ဗာန်အလားပင်

"ကျွန်တော် မမြင်လိုက်မိဘူး...sorryနော်....."

"...."

"လူကြီးး"

မျက်ခုံးတစ်ဖက်ပင့်ပြလာတဲ့ဝမ်ရိပေါ်ကို ချစ်စရာကောင်းအောင် ပြုံးပြဖို့ကိုလည်း ရှောင်းကျန့်က မမေ့ခဲ့ပါ

လက်ခနဲဖြစ်သွားတဲ့ ဝမ်ရိပေါ်ရဲ့အကြည့်တွေကိုကြည့်လို့ ရှောင်းကျန့်တွေးမိတာက တစ်ခုတည်းသာ

~ကျုပ်အပြုံးတွေမှာ ကျရှုံးလိုက်စမ်းပါ လူကြီး~

ဝမ်ရိပေါ်ကို အပြုံးလှလှလေးတွေပေးပြီးသည်နှင့်ရှောင်းကျန့်ကအမြန်လစ်ထွက်လာခဲ့သည်။

အထာပေးတာဆိုပေမယ့် ရှောင်းကျန့်ကစျေးပေါမနေဘူး...ကြေးကြီးတယ်...ပြီးတော့ အပိုင်ရဖို့အတွက် ဘာမဆိုလုပ်ပစ်ချင်တာမျိုး

သူ့နောက်ကျောမှာကပ်ပါလာမယ့် ဝမ်ရိပေါ်ရဲ့အကြည့်တွေကိုရှောင်းကျန့်က မမြင်ရရင်တောင် သိနေပြီးသားပင်

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now