Part 11

804 52 5
                                    

💎Unicode💎

True or Dare ဂိမ်းကနေ အားလုံးဟာ ရှောင်းကျန့်ရဲ့အကြောင်းကိုစိတ်ဝင်စားကုန်ကြသည်။

ရှောင်းကျန့်ကလည်းဆက်ပြောပြဖို့ရည်ရွယ်ထားပြီးသားပင် တစ်စုံတစ်ယောက်ကိုရည်ရွယ်ပြီးတော့ပေါ့

"ငါ့သူငယ်ချင်းက စာလေးတွေတော့ ငါ့ဆီအမြဲပို့ပေးခဲ့တယ်...တစ်နေ့သူချစ်ရတဲ့သူတွေ့ပြီတဲ့လေ...အဲ့တာကလည်း သူတို့ကျောင်းက ကောင်လေးတစ်ယောက်ပါတဲ့"

"...."

"ငါသိချင်ခဲ့တာက ငါ့ရဲ့အရမ်းချစ်ရတဲ့သူလေးက ဘယ်လိုလူမျိုးကိုချစ်မိသွားရတာလဲလို့ပေါ့"

ရှောင်းကျန့်က စကားပြောရင်းကျန်းချန်ကိုကြည့်လိုက်သည်။

အံ့သြနေပုံရတဲ့ကျန်းချန်ကိုတစ်ချက်ပြုံးပြဖို့မမေ့ခဲ့ဘူး

"အငြင်းခံခဲ့ရတယ်တဲ့...သူဟာဂေးမဟုတ်ဘူး...အခြောက်ကောင်ဆိုပြီး ထိုးနှက်ပါလွှတ်ခဲ့သေးတယ်တဲ့...အဲ့နေ့ကစလို့တစ်ခြားသူတွေကလည်း ဝိုင်းအနိုင်ကျင့်ခဲ့ကြတယ်တဲ့"

"အဲ့ဒီသတင်းကိုကြားကြားချင်း ငါသူရှိတဲ့မြို့ဆီကိုသွားဖို့ပြင်ခဲ့တယ်...ရောက်သွားတဲ့အချိန်မှာ ငါသူရှိတဲ့ကျောင်းကိုမနားဘဲပြေးသွားခဲ့တယ်....ကျောင်းရောက်တော့ လူတစ်ယောက်က သူ့ကို ကျောင်းခေါင်မိုးထပ်ကနေတွန်းချတာကိုလှမ်းမြင်လိုက်ရတယ်"

"ငါမြင်နေရပေမယ့် ဘာမှမလုပ်နိုင်ခဲ့ဘူး...မြေပြင်ပေါ်ကျသွားတဲ့သူ့အလောင်းကိုပြေးဖက်လို့ပဲ ငိုခဲ့ရတယ်"

နားထောင်နေကြတဲ့သူတွေက ဒေါသထွက်သလိုစိတ်မ​ကောင်းလည်းဖြစ်နေကြသည်။

"မင်းသူငယ်ချင်းကိုတွန်းချခဲ့တဲ့လူကိုရော မင်းမြင်ခဲ့လား"

ဒီစကားကိုကြားတဲ့အခါ ရှောင်းကျန့်ရဲ့မျက်ဝန်းအိမ်တွေဟာ ကြောက်စရာကောင်းအောင်ရဲတက်လာခဲ့သည်။

"အင်းး သေချာပေါက်မြင်ခဲ့တာပေါ့..."

တုန်ရီနေတဲ့ကျန်ချန်ရဲ့လက်တွေကိုရှောင်းကျန့်ကစိုက်ကြည့်တယ်

ဘာတွေများကြောက်နေရတာလဲ...

"အဟင်းးး ငါသိခဲ့ပေမယ့် အသုံးမဝင်ခဲ့ဘူးလေ...တစ်ဖက်ကတရားခံရဲ့မိဘတွေက အားလုံးကိုငွေနဲ့ပိတ်ခဲ့တာ...ငါဘာပြောပြောဘယ်သူကမှလက်မခံခဲ့ကြဘူး...လက်မခံချင်ယောင်ဆောင်ခဲ့ကြတာပါ"

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now