Part 7

816 46 4
                                    

💎Unicode💎

ဝမ်ကတော်နဲ့ခင်ပြီးသည့်နောက်ပိုင်းမှာ ရှောင်းကျန့်ဟာ အမြဲမပြတ်ဝမ်အိမ်တော်ကိုသွားလေ့ရှိသည်။

သွားတိုင်းလည်း ဝမ်ကတော်သဘောကျမယ့်အရာတွေ...ဝမ်ဥက္ကဌ ကြိုက်မယ့်အရာတွေကိုဝယ်သွားတတ်သေးသည်။

သူ့ကိုမိသားစုဝင်တစ်ဦးလို...သားတစ်ယောက်လိုချစ်လာတဲ့အပေါ်လည်း ရှောင်းကျန့်ကသဘောမကျဘဲမနေနိုင်

ဒီလိုတွေဖြစ်လာဖို့ရည်ရွယ်ခဲ့တာလည်းမဟုတ်ပါလား

ကျန်းချန်နဲ့ကတော့အရင်ကလောက်စကားမပြောဖြစ်တော့ပေမယ့် ဝမ်ရိပေါ်နဲ့တော့အဆက်အသွယ်မပြတ်တာထက်ကိုပိုကြသည်။

အီစီကလီအခြေအနေတွေထဲက ရုန်းထွက်ဖို့ကိုလည်း ရှောင်းကျန့်ကကြိုးစားနေတုန်းပင်

ခက်တာက ဝမ်ရိပေါ်က သူ့ကိုတွဲဖို့မပြောသေးတာပင်

ရှောင်းကျန့်က ဖုန်းကိုထုတ်လို့ ဝမ်ရိပေါ်ဆီ ခေါ်ဆိုလိုက်သည်။

ဖုန်းမကိုင်တဲ့အခါ Messageပို့လိုက်မိသည်။

~လူကြီးး မအားဘူးလားဟင်~

~ဖုန်းဘာလို့မကိုင်တာလဲ~

~စိတ်ပူလာပြီ~

~လွမ်းနေတာ~

ကိုကို့ဖုန်းမှ Messageတွေဆက်တိုက်ဝင်နေတာကြောင့် ကျန်းချန် တံခါးကိုတစ်ချက်ကြည့်လိုက်မိသည်။

ထို့နောက် ဖုန်းကိုအလျှင်အမြန်ဖွင့်လိုက်သည်။ ကိုကိုရဲ့ဖုန်းဟာ lockမခတ်ထားတဲ့အခါ သူmessageထဲကိုဝင်နိုင်ခဲ့သည်။

"ရှောင်းးး တဲ့လားး"

ပို့ထားတဲ့စာတွေကိုဖတ်လို့ကျန်းချန်ကဒေါသထွက်မိသည်။

နဂိုထဲက အဖျားရှိန်ကြောင့်ရဲနေတဲ့ မျက်နှာနုနုဟာ ဒေါသကြောင့်ပေါက်ထွက်တော့မတတ်ပင်

~မင်းအရှက်ရှိသေးရဲ့လား ရှောင်းကျန့်~

~.....~

~ငါ့ကိုကိုနဲ့ဝေးဝေးနေ...စနိုက်ကောင်~

မကြာခင်မှာပဲတစ်ဖက်ကပြန်ဝင်လာတဲ့စာတစ်စောင်

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now