Part 9

797 52 3
                                    

💎Unicode💎

ရှောင်းကျန့်က ကျောင်းရှေ့မှာစောင့်နေတဲ့ ဝမ်ရိပေါ်ဆီသွားလိုက်သည်။

"တက်"

ဆိုင်ကယ်ပေါ်ကိုမေးထိုးပြတဲ့  ဝမ်ရိပေါ်ဟာ ဆွဲဆောင်မှုရှိလွန်းတယ်

"အွန်းး...ခန"

လက်ထဲမှာပါလာတဲ့ကျန််းချန်ရဲ့မုန့်ထုတ်ကလေးး

"ကလေးလေး...မုန့်ရော့"

ပလတ်စတစ်ကောက်နေတဲ့ကလေးအားခေါ်ကာပေးလိုက်သည်။

"ကျေးဇူးပါကောကော"

"အင်းး ...ဒါနဲ့ ကလေးက အသက်ဘယ်လောက်ရှိပြီလဲ"

"၈ နှစ်ပါခင်ဗျ"

"ကျောင်းတက်ချင်လား"

မျက်ဝန်းဝိုင်းဝိုင်းနဲ့မျှော်လင့်တကြီးနဲ့ကြည့်လာတဲ့ကလေးကြောင့် ရှောင်းကျန့်ပြုံးမိသည်။

"ခနလေးနော်"

ရှောင်းကျန့်ကတော့ သူ့လူကြီးလက်မောင်းကိုသွားဆုပ်ကိုင်လိုက်သည်။

"ဟီးးး မုန့်သွားမစားတော့ဘူး..ဟိုကလေး အိမ်ကိုသွားချင်လို့ အဲ့တာလိုက်ခဲ့ပါနော်"

"..."

"နော်...နော်.."

"အင်းး သွား...သွား"

"ဟုတ်..ဟုတ်"

မုန့်ရတဲ့ကလေးငယ်လိုပျော်ရွှင်နေတဲ့ရှောင်းကျန့်က ကလေးကိုကြည့်လိုက်သည်။

"ကလေး အိမ်ကဝေးလား"

"သိပ်တော့မဝေးဘူးရယ်"

"ကောလိုက်ခဲ့ပြီး ကလေးလေးရဲ့မိဘတွေနဲ့တွေ့ချင်တယ်"

"ဟုတ်"

ထိုကလေးကိုလက်ကမ်းပေးတဲ့အခါ သူ့ကို့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ကြည့်လာပြန်သည်။

"သားလက်က ညစ်ပတ်တယ်...ကောလက်တွေပေကုန်မယ်"

"အဟင်းး ပေရင် ရေပြန်ဆေးမှာပေါ့ကွ...လာ"

ကလေးလက်တစ်ဖက်ကိုဆွဲလို့ဝမ်ရိပေါ်ကိုသွားရန်ခေါ်ရပြန်သည်။

သိပ်မဝေးတာမို့ဆိုင်ကယ်ကိုတော့ ကျောင်းစောင့်ကိုကြည့်ထားပေးဖို့ ခနပြောပြီး ထားခဲ့လိုက်သည်။

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now