Part 19

1K 47 1
                                    

💎Unicide💎

"အခြောက်ကောင်!!"

"...."

"အဲ့ကောင်ကလေ ငါ့ကိုကြိုက်နေတာတဲ့...ဟားးဟားးးဟားး"

ရှေ့ကနေဖြတ်သွားတဲ့ ယွီပင်းကို ကျန်းချန်နဲ့ သူ့အပေါင်းပါတွေက တဟားဟားနဲ့လှောင်ရယ်သည်။

ခြေထိုးခံလိုက်တဲ့အခါ လဲကျသွားပုံက ရုပ်ပျက်ဆင်းပျက်ပင်

လဲကျနေတဲ့ယွီပင်းကိုကြည့်လို့ အားလုံးက ရွံရှာသလိုကြည့်ကြသည်။လှောင်ပြောင်နေကြသည်။

ကြမ်းပြင်ပေါ်ကိုတစ်တောက်တောက်ကျနေတဲ့မျက်ရည်တွေကိုမြင်လိုက်ရတဲ့ ကျန်းချန်က အကျေနပ်ကြီးကျေနပ်တယ်

ယွီပင်းရဲ့မျက်နှာကိုခပ်တင်းတင်းဆွဲမော့လို့သူ့ကိုကြည့်စေသည်။

"မင်းမြဲမြဲမှတ်ထား"

"...."

"ငါဆိုတဲ့ကောင်က မင်းလိုယောကျ်ားတွေကိုကြိုက်တဲ့ကောင်ဆို သိပ်မုန်းတာ...အထက်တန်းမပြီးမချင်း အနှိပ်စက်ခံဖို့ပြင်ထား...ကျောင်းဆိုတာ မင်းအတွက်ကငရဲပဲဖြစ်စေရမယ်"

ယွီပင်း သူ့ကိုကြည့်နေတဲ့အကြည့်တွေကိုမုန်းလိုက်တာ...မဟုတ်ဘူး သောက်ရမ်းရွံမိတာ

"ဘာလို့လဲ..ကျန်းချန်...ငါဘာများမှားခဲ့လို့လဲ...ငါမင်းကိုချစ်မိခဲ့ရုံလေးပါပဲ...အဲ့တာမှားလားး"

"...."

"မှားလားလို့!!!!!"

ပွင့်ကျသွားတဲ့မျက်လုံးတွေရယ်...မောဟိုက်နေတဲ့ ခန္ဓာကိုယ်ရယ်

"အိပ်မက်ပါပဲ...အိပ်မက်ပဲ"

လေကိုခပ်ပြင်းပြင်းရှူရှိုက်လို့ ဘေးက စားပွဲခုံပေါ်မှာတင်ထားတဲ့ ရေဘူးကိုဖွင့်သောက်လိုက်သည်။

တုန်နေတဲ့နှလုံးသားက သူ့ရဲ့အတိတ်ကအမှားတွေကိုဖော်ပြနေသလိုပင်

ကံတရားက သူ့ကိုဒဏ်ခတ်ခဲ့တာထင်တယ်...ယောကျ်ားချင်းကြိုက်နှစ်သက်တာတွေကိုရွံမုန်းခဲ့တဲ့သူက ကိုကို  ကိုတွေ့တော့သိပ်ချစ်မိသွားခဲ့သတဲ့

ယွီပင်းကိုသတ်ခဲ့မိတယ်...ကျောင်းခေါင်းမိုးပေါ်ကနေ တွန်းချသလိုဖြစ်ခဲ့တယ်...သူ့ရဲ့ဒီလက်တွေနဲ့လေ

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now