💎Unicode💎
ရှောင်းကျန့်က သူ့driverကို ဝမ်အိမ်တော်နဲ့ခပ်ဝေးဝေးမှာ ကားရပ်ဖို့စေခိုင်းခဲ့သည်။
ပြီးတော့.......
ဝမ်ယုမေတစ်ယောက်စျေးကနေလမ်းလျှောက်ပြီးအိမ်သို့ပြန်လာခဲ့သည်။
စျေးနဲ့အိမ်ကသိပ်မဝေးတာမို့ ကားနဲ့မလာခဲ့ခြင်းသာ...ပြီးတော့သူမက ဝမ်ကတော်ဆိုပေမယ့် ဟိတ်ကြီးဟန်ကြီးနဲ့မနေတတ်..မနေချင်တာလည်းပါသည်။
သူမသားကြိုက်တဲ့ဟင်းတွေချက်ရန်တွေးနေတုန်းမှာပင်အရှိန်ခပ်ပြင်းပြင်းနဲ့သူ့ဆီမောင်းလာတဲ့ကားတစ်စီးကြောင့် ကြောင်အ သွားရသည်။
ကြက်သေသေနေမိချိန် သူမလက်ကိုဆွဲလိုက်တဲ့လက်တစ်ဖက်
'အ'
ဘေးကိုပစ်လဲကျသွားပြီး အနည်းငယ်နာကျင်သွားရသည်။
"တောက်!!! ကားကိုဘယ်လိုမောင်းနေတာလဲမသိဘူးကွာ..."
ဘေးနားက ဒေါသထွက်နေတဲ့ ခပ်ချောချောကောင်လေးက သူ့အသက်ကိုကယ်ခဲ့တဲ့သူ
"ဟို...အန်တီရရဲ့လားဗျ...ဘယ်နားထိသွားသေးလဲ..."
စိတ်ပူနေပုံရတဲ့ထိုလူငယ်လေးကိုသူမခေါင်းခါပြမိသည်။
"ကျေးဇူးပါ...သားရယ်"
"ဟာ...အန်တီ့လက်မှာ သွေးစတွေ"
သူလဲကျတုန်းကျောက်ခဲနဲ့ကျိတ်မိလိုက်ခြင်းသာ
"ဒါလေးနဲ့ဖိထားလိုက်မယ်နော်"
လက်ကိုင် ပုဝါတစ်ခုနဲ့သူ့ဒဏ်ရာကိုဖိပေးလာတဲ့လူငယ်လေး
"သားနမည်ဘယ်လိုခေါ်လဲ"
"ရှောင်းကျန့်ပါဗျ"
ခပ်ပြုံးပြုံးနဲ့ပြန်ဖြေလာတဲ့ကောင်လေးဟာလူကြီးသူမကိုရိုရိုသေသေရှိမည့်ပုံလေးပင်
"အန်တီ...စျေးခြင်းသယ်နိုင်ပါဦးမလားး...သားကူသယ်ပေးမယ်လေ"
ပါးစပ်ကလည်းပြောရင်း လက်က သူမစျေးခြင်းအနီရောင်လေးကိုမ လို့ထားရှာသည်။
"အန်တီဘယ်မှာနေတာလဲ...သားလိုက်ပို့မယ်လေ"
"အင်းး အန်တီက ဝမ်အိမ်တော်မှာနေတာ...အန်တီ့နမည်က ဝမ်ယုမေ"
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024