💎Unicode💎
"ကိုကို..."
"အင်း"
"ချန်လေး shoppingထွက်ရင်း ဒီအင်္ကျီလေးကိုကိုနဲ့လိုက်မယ်ထင်လို့ဝယ်ခဲ့တယ်...ဝတ်ကြည့်ပါဦး"
သူ့ဆီကိုကမ်းပေးလာတဲ့ အိတ်ကလေးကို ယူလိုက်ကာ စားပွဲပေါ်မှာတင်ထားလိုက်သည်။
"ကိုကို...ဝတ်ပြပါဆို"
ကလေးလိုချွဲနွဲ့ပြနေတဲ့ကျန်းချန်ဟာ ဘာလို့သူ့မျက်လုံးထဲမှာအရင်လိုချစ်ဖို့ကောင်းမနေတော့တာလဲ
"ကိုကို...နော်လို့"
"တော်ပြီ ချန်လေး...ကိုယ်စိတ်ရှုပ်နေလို့ ပြန်လိုက်တော့"
"ကိုကို!!! ဒါဘာသဘောလဲ..ချန်လေးကိုမောင်းထုတ်နေတာလား"
"ကိုယ် နောက်မှ ဝတ်ပြမယ်..နော်..ခုတော့"
"ကိုကို!!!"
ကျန်းချန်ရဲ့အော်သံကြောင့် အရင်ကဆို အမြန်ချော့မိမှာမှန်ပေမယ့် ခုတော့ သူနည်းနည်းမှစိတ်ပါမနေပေ။
သူသိတာက သူစိတ်ရှုပ်တယ်ဆိုတာမျိုးသာ
"ဘာဖြစ်ချင်နေတာလဲ ကျန်းချန်"
"ဘယ်လိုခေါ်လိုက်တယ် ကိုကို...ကျန်းချန် ဟုတ်လား"
"ကိုယ်မင်းကိုရွေးခဲ့ပြီးပြီ...ရှောင်းကျန့်နဲ့လည်း လမ်းခွဲပေးခဲ့ပြီးပြီ...ဘာတွေများ ဆက်ပြီး အနိုင်ယူဖို့တွေးနေသေးတာလဲ"
ရိပေါ်က ဆိုဖာပေါ်ကိုပြန်ထိုင်ချလို့ ဆံပင်တွေကိုကြမ်းတမ်းစွာထိုးဖွပစ်လိုက်သည်။
"..."
"ကိုကို... ဖောက်ပြန်ခဲ့တာ ကိုကိုပါ...ချန်လေးက နစ်နာခဲ့ရတဲ့သူပါ...ဘာလို့ချန်လေးကိုအပစ်တွေလာတင်နေရတာလဲ"
"တကယ်ပဲ ယုန်ဖြူလေးလား"
ဝမ်ရိပေါ်ရဲ့စကားတစ်ခွန်းဟာ ချန်းကျန်ရဲ့ဒေါသတွေကို တစ်ခါတည်းနဲ့ငြိမ်းသက်သွားစေသည်။
"ကိုကို"
"ကိုယ်သံသယဝင်နေမိပြီ...မင်းက တကယ် ယုန်ဖြူလေးဟုတ်ရဲ့လားဆိုတာကို"
ကျန်းချန်က ဝမ်ရိပေါ်ရဲ့လက်မောင်းကို အမြန်တွဲပြီး ပခုံးပေါ်ကိုခေါင်းမှီချလိုက်သည်။
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024