💎Unicode💎
ရေဘူးဝယ်ပြီး အပြန်လမ်း တစ်လျှောက်မှာ နှစ်ယောက်သားစကားမပြောဖြစ်ကြပဲ တိတ်ဆိတ်နေမိကြသည်။
ရှောင်းကျန့်ကတော့ ဝမ်ရိပေါ်ကိုကြည့်လို့ ခိုးပြုံးမိသည်။
သူ့စကားတွေဟာ တကယ်အလုပ်ဖြစ်ခဲ့ပုံပါပဲ
ထိုင်ခုံပေါ်မှာထိုင်ရင်းလည်တဆန့်ဆန့်နဲ့သူတို့ကိုမျှော်နေတဲ့ ကျန်းချန်ကိုမြင်တော့ ရှောင်းကျန့်က ခုန်စွခုန်စွနဲ့ယုန်လေးလိုပြေးသွားသည်။
"အင့်...ရေဘူးး"
ကျန်းချန်ကတော့ သူ့ကိုကျော်ကာနောက်က ဝမ်ရိပေါ်ကိုအကဲခတ်နေလေရဲ့
"ဘာလို့ကြာနေတာလဲ"
"....."
"တောင်းပန်ပါတယ်...ကိုယ်နည်းနည်းစိတ်ရှုပ်နေလို့ ပြန်လိုက်တော့မယ်"
အမေးတခြားအဖြေတခြားနဲ့ကိုကိုဟာ သူ့ကိုကျောခိုင်းလို့ ထွက်ခွာသွားတော့သည်။
ရှောင်းကျန့်ကိုကြည့်မိတော့လည်း သူမသိဘူးဆိုတဲ့ပုံစံနဲ့သာ
ဘယ်လိုအရာတွေကများ ကိုကို့ကို ဒီပုံစံဖြစ်သွားစေခဲ့သနည်း
"ငါတို့လည်းပြန်ကြမယ်"
ဝမ်ရိပေါ်ထွက်သွားသည်နှင့်ချက်ချင်းမတ်တပ်ရပ်ကာပြန်ဖို့ပြင်နေတဲ့ကျန်းချန်
"မင်းဒူးက ချက်ချင်းအဆင်ပြေသွားတဲ့ပုံပဲ...လမ်းရောလျှောက်နိုင်လား"
"...."
"မပင်ပန်းဘူးလားကျန်းချန်"
"ဘာကိုလဲ"
"ဟန်ဆောင်နေရတာကို"
မျက်ခုံးတွေစုလို့ပြန်ကြည့်လာတဲ့ကျန်းချန်...သူပြောချင်တဲ့အရာကို ကျန်းချန်သေချာပေါက်သိနေလောက်ပါပြီ
"ယုန်ဖြူလေးဆိုတာကြီးကို"
"မင်းဘာကိုပြောချင်တာလဲ"
"မင်းရဲ့ အလိမ်အညာတွေကို တကယ်ပဲလိပ်ပြာလုံလား"
ကျန်းချန်က သူ့စကားကြောင့်လှိုက်လှိုက်လဲလဲရယ်မောလာသည်။တုန်နေတဲ့လက်တွေကိုတော့နောက်ကိုဖွက်ထားလေရဲ့
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024