Part 16

902 50 4
                                    

💎Unicode💎

"ကျန့်ကျန့်...ကျောင်းမသွားဘူးလား"

"ဟုတ်"

နွမ်းဖျော့ဖျော့သူ့အသံကြောင့်ထင်ပါရဲ့ မားရဲ့လက်ကသူ့နဖူးပေါ်သို့အတုံ့အဆိုင်းမရှိရောက်လာသည်။

"ကိုယ်တွေပူနေပါလားး...ဒီကလေးကတော့လေ....အအေးမခံပါနဲ့ပြောထားတာကို ညကနောက်ကျမှရေအကြာကြီးချိုးတယ်လေ...ခုတော့ဖြစ်ပြီမဟုတ်လား"

"မားကလည်း"

"မားကမလည်းနဲ့....အဲ့တာစကားနားမထောင်လို့ဖြစ်တာ သင်ခန်းစားယူ"

မိခင်တွေရဲ့ထုံးစံအတိုင်း မားကတော့ပွစိပွစိနဲ့ဆူတော့သည်။

တကယ်တော့သူ အဲ့လိုစိတ်ပူပေးမယ့် ဂရုစိုက်ပေးမယ့်မေတ္တာတွေကိုငယ်စဥ်ကတည်းကတောင့်တခဲ့သည်မဟုတ်ပါလား

"ဟင့်...နေမကောင်းဖြစ်နေပါတယ်ဆို...မားစကားတွေနဲ့ သားပိုဆိုးချင်လာပြီနော်"

ခပ်ချွဲချွဲပြောလို့မားရင်ခွင်ထဲကလေးသဖွယ်ဝင်တိုးနေမိပြန်သည်။

"ခနလေးနေဦး...မားဒေါက်တာကို ဖုန်းသွားဆက်လိုက်ဦးမယ်...ပြီးရင်စွတ်ပြုတ်ပါတစ်ခါတည်းလုပ်ပေးမယ်နော်..."

ဘေးနားကနေထွက်သွားဖို့ပြင်နေတဲ့မားကိုအသွားမခံဘဲအတင်းဖက်ထားမိသည်။

"သွားနဲ့"

"ဟော...ကလေးကြနေတာပဲ"

"ကလေးပဲဟာ"

မားကတော့သူ့ပါးလေးကိုဖျစ်လို့ရယ်သည်။

"ကဲ....​ဖေကြီးရေ!!! ရှင့်သား ဖျားနေလို့ဒေါက်တာကိုဖုန်းဆက်ခေါ်ပေးပါ...အိမ်က ကလေးမလေးတစ်ယောက်ယောက်ကိုကြက်စွတ်ပြုတ်လုပ်ပြီး ပို့ခိုင်းပေးပါဦး"

ပါးကတော့ အခန်းပေါက်ဝကနေ သူ့ကိုစိတ်ပူသလိုကြည့်လို့အောက်ထပ်သို့အမြန်ဆင်းသွားလေရဲ့

သူ့အတွက် ရှောင်းမိသားစုရဲ့မွေးစားခြင်းကိုခံခဲ့ရတာက တကယ့်ကိုဘုရားကပေးတဲ့ဆုလာဘ်တစ်ခုပါပဲ

📲...📲...

ဖုန်းလာနေလို့ကြည့်လိုက်မိတော့ သူ့ရဲ့လူကြီးဖြစ်နေသည်။

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now