💎Unicode💎
"သားကျန့်ကို မားက အရမ်းကျေးဇူးတင်ပါတယ်ကွယ်"
"...."
"သားအစ်ကိုက ခုဆို အလုပ်ဝင်နေပြီ...နောက်ဆိုမားတို့ wang groupကို သားဝမ်လက်ထဲကိုစိတ်ချလက်ချထည့်လို့ရတော့မယ်ထင်တယ်"
သူ့လက်ကိုဖွဖွဆုပ်ကိုင်လို့ကျေးဇူးတင်ကြောင်းပြောနေတဲ့အန်တီမေကို ရှောင်းကျန့်က ယုန်သွားလေးတွေပေါ်အောင်ရယ်ပြနေမိသည်။
ဝမ်ယုမေအနေနဲ့ဆို သားဝမ်ကိုသားကျန့်နဲ့သဘောတူမိတာတော့အမှန်ပင်
ကျန်းချန်လေးကို လက်မခံဘူးဆိုလားဆိုတော့လည်းမဟုတ်ပြန်။သားဝမ်သာ တကယ်ချစ်တဲ့သူဆိုရင် သူမတို့ဘက်က ဘယ်သူ့ကိုဖြစ်ဖြစ်သဘောတူကြည်ဖြူဖို့ရာဝန်မလေးပေ။
သားဝမ်ဟာ ရှုပ်တယ်ပွေတယ်ဆိုသိပေမယ့် ရှောင်းကျန့်ဆိုတဲ့ကလေးပေါ်လာကတည်း ပွေရှုပ်သံတွေမကြားရတော့...ဒီကလေးဟာ သားဝမ်ဘဝမှာ နေရာတစ်ခုယူထားတယ်ဆိုတာ သူမသိလိုက်သည်။
ဒါပေမယ့် ကျန်းချန်လေးကိုလည်း လက်လွှတ်နိုင်ပုံမပေါ်တဲ့သားဝမ်ရဲ့စိတ်သဘောထားဟာ ရှုပ်ထွေးလွန်းနေပြန်သည်။
သားဝမ်ရဲ့ဘဝကို လမ်းကြောင်းပေးနိုင်တဲ့သူဟာ ရှောင်းကျန့်ဆိုတဲ့ကလေးသာဖြစ်လိမ့်မည်
သူမရဲ့သားသမက်ဖြစ်လာဖို့ကိုလည်း မျှော်လင့်ချက်ထားမိသည်ကိုတော့ ဝန်ခံပါသည်။
အပြုံးကိုယ်စီနဲ့စကားပြောနေကြတဲ့လူနှစ်ယောက်ကြောင့် ကျန်းချန်လက်ထဲက ချိုင့်လေးကိုတင်းနေအောင်ဆုပ်ထားမိသည်။
ဝမ်ကတော်ကြိုက်လောက်မယ့်အစားအစာတွေကိုချက်ပြုတ်လို့လာပို့မိတဲ့သူက အိမ်ထဲမဝင်ခင်မှာကြားလိုက်လိုက်ရတဲ့စကားကြောင့် ခြေလှမ်းတွေကိုရပ်တန့်လိုက်ရသည်။
ကိုကိုအလုပ်လုပ်နေတယ်ဆိုတာကိုသိတုန်းက သူတကယ်ပျော်ခဲ့ရတာ
ကိုကိုက သူတို့နှစ်ယောက်ရဲ့အနာဂါတ်အတွက် အစီအစဥ်တွေချနေခဲ့ပြီဆိုပြီး ခုန်ပေါက်မိခဲ့သေးတာ
ခုတော့ အားလုံးဟာ လေတစ်ချက်အဝှေ့မှာ ကြွေလွင့်သွားတဲ့သစ်ရွက်ခြောက်လိုပါပဲလား
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024