Part 12

559 44 3
                                    

💎Unicode💎

ရှောင်းကျန့်က ပင်လယ်ပြင်ရဲ့တိုက်ခတ်နေတဲ့လေတွေကို တဝကြီးရှူရှိုက်လိုက်သည်။

ပြီးပြည့်စုံတဲ့မနက်ခင်းဖြစ်ဖို့ကော်ဖီတစ်ခွက်ဟာလည်းမပါမဖြစ်ပင်

တခြားသူတွေကတော့ အိပ်စက်နေကြတုန်း ဖြစ်သည်။

ကော်ဖီတစ်ငုံသောက်လိုက်လို့ ပင်လယ်ပြင်ကိုတဆုံးငေးကြည့်မိသည်။​ထို့နောက် ဖိနပ်ပါးပါးအောက်ကသဲမှုန့်တွေကိုထိုးဆွနေမိပြန်သည်။

"Morning ရှောင်းကျန့်"

ကြည့်ရတာ ကျန်းချန်ကလည်း မနက်စောကြီးသူလိုအိပ်ရာထပြီး သဘာဝအလှကိုလာခံစားတာများလားး...ဒါမှမဟုတ်....

"မင်းလည်း အစောကြီးနိုးနေတာလား ကျန်းချန်"

"အင်းး ဒီတိုင်း နေထွက်တာကြည့်ချင်လို့"

"သြော်"

စကားဆက်မပြောဖြစ်ပဲပြန်တိတ်ဆိတ်နေလိုက်မိသည်။

"အဟင်းးး ငါမင်းကိုမေးစရာရှိသေးတယ်"

"အင်း ဘာများလဲ"

"မင်းသူငယ်ချင်းကိုသတ်တဲ့သူဆိုတာလေ...သူကဘယ်သူလဲ"

ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးက ပွင့်အာကျသွားရသည်။အဆုံးထိဟန်ဆောင်နေတဲ့ ကျန်းချန်ရဲ့ပုံစံကို သူတကယ် မလေးစားပဲမနေနိုင်

"အမှန်တိုင်းပြောရရင် ခုအချိန်မှာ ငါလည်းသူ့ကိုမမှတ်မိတော့ဘူး..."

"...."

"အရင်တုန်းကတော့ သေချာပေါက်မှတ်မိခဲ့တာ...ကြားထဲမှာ ငါအပြင်းဖျားပြီးမှတ်ဉာဏ်တစ်ချို့ပျောက်သွားတယ်လေ...အဲ့အထဲမှာ အဲ့တစ်ယောက်ရဲ့မျက်နှာလည်းပါသွားတယ်"

ကျန်းချန်ထံမှ သက်ပျင်းချသံတိုးတိုးကို နားပါးတဲ့ရှောင်းကျန့်က ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။

~လူသတ်ထားတဲ့မင်းက ငါ့ကိုရော မသတ်နိုင်ဘူးလို့ ငါမယုံဘူး ကျန်းချန်...လှည့်ကွက်သေးသေးလေးဆိုပေမယ့် အသုံးတော့ ဝင်သွားမယ့်ပုံပါပဲ~

စကားပြောနေချိန်မှာပဲ ထွက်ပေါ်လာတဲ့နေဝန်းနီနီကို နှစ်ယောက်သားငေးကြည့်မိကြသည်။

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now