Part 14

827 46 2
                                    

💎Unicode💎

စနေနေ့....

မျှော်လင့်ချက်တွေအပြည့်နဲ့စနေနေ့ဟာ ရှောင်းကျန့်အတွက် အကျည်းတန်လွန်းခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ dateကလေးဟာ နောက်ဆုံးတော့ကျန်းချန်အတွက်ဖြစ်သွားခဲ့တာပါပဲ

ပန်းခြံရဲ့လမ်းတစ်နေရာမှာ စကိတ်စီးနေကြတဲ့ လူသုံးယောက်

ကျန်းချန်ကတော့ ပြုံးပျော်နေတာ ဖုံးဖိမရနိုင်လောက်ပေါ်နေသည်။

သူကရော...သူကတော့ ဝမ်ရိပေါ်ရဲ့လက်ကိုတောင်မဆုပ်ကိုင်နိုင်ခဲ့ဘူး

ဝမ်ရိပေါ်ရဲ့ဘေးနားမှာ ခွာလို့မရအောင်တပူးပူးတတွဲတွဲဖြစ်နေတဲ့ကျန်းချန်ကြောင့် သူဟာလူပိုတစ်ယောက်လိုခံစားလာရသည်။

"တိတ်တိတ်ပုန်း"

ဒီစကားက တကယ်ပဲသူ့အတွက်ထင်ပါရဲ့

လမ်းကိုသေချာမကြည့်ပဲ ဝမ်ရိပေါ်ကိုပဲကြည့်နေမိတဲ့အခါ စကိတ်စီးရင်းချော်လဲကျသွားတော့သည်။

'အ'

သူ့ဆီကို​လာဖို့ပြင်နေတဲ့ ဝမ်ရိပေါ်ဟာ ကျန်းချန်ရဲ့အော်သံကြောင့် သူ့ဆီကိုရောက်မလာဖြစ်တော့ပေ။

တမင်သက်သက်လဲကျချင်ယောင်ဆောင်လိုက်တဲ့ကျန်းချန်ကလည်းတကယ့်ကိုမာယာတွေပေါများပါလား

"ချန်လေးး ရရဲ့လားး"

"ဒူးနာသွားပြီကိုကို"

ပွန်းပဲ့သွားတဲ့လက်ဖဝါးလေးကိုရှောင်းကျန့်ကခပ်ဖွဖွပွတ်သပ်တယ်

"ကိုကို ကျောပိုးပေးး"

"အင်းး"

ဝမ်ရိပေါ်ရဲ့ကျောပိုးခြင်းကိုခံစားရတဲ့ကျန်းချန်ကသူ့ကိုပြုံးပြုံးကြီးကြည့်လို့ရယ်

~ဟက်...ကလေးအကွက်တွေပေါ့လေ~

ခုံတန်းပေါ်မှာထိုင်ခိုင်းလို့ ကျန်းချန်ကိုစိတ်ပူသလိုကြည့်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်ရင်ဘတ်ထဲကအောင့်သက်သက်ရယ်

"လူကြီးး ရေသွားဝယ်ရအောင်"

ဒဲ့ဒိုးဆန်ပေမယ့် ဝမ်ရိပေါ်ကချက်ချင်းလက်ခံသည်။နှစ်ယောက်အတူရှိရမည့်အခွင့်အရေးကိုသူကလည်း လက်လွှတ်ခံချင်ပုံမပေါ်

မာယာများနှင့်နှောင်ဖွဲ့သော[Completed]Where stories live. Discover now