💎Unicode💎
ထမင်းဝိုင်းမှာ သူချက်ထားတဲ့ဟင်းကို အားပါးတရစားနေတဲ့သူ့လူကြီးဟာ ရှောင်းကျန့်ရဲ့အသည်းနှလုံးတည်ရာဖြစ်သည်။
"ရှောင်းလက်ရာက အရမ်းကောင်းတာပဲ...အမြဲတမ်းစားရရင်ကောင်းမှာ"
"ဟီးးး စားချင်တယ်ဆို ချက်ကျွေးမယ်လေ...ကျွန်တော်က ဟင်းချက်ရတာ ဝါသနာပါတယ်"
ကွက်ကနဲပျက်သွားတဲ့ကျန်းချန်ရဲ့မျက်နှာကိုကြည့်လို့ရှောင်းကျန့်က ခေါင်းကိုငုံ့ချလိုက်သည်။ပြီးတော့ပြုံးလိုက်သည်။
~နာကျင်ရဲ့လား ကျန်းချန်းး~
"ဟုတ်တယ် ကိုကိုပြောတာမှန်တယ်...ဒီပုံအတိုင်းသာဆို ချန်လေးတို့မင်္ဂလာဆောင်ပြီးရင် အိမ်မှာရှောင်းကျန့်ကိုထမင်းချက်ဟင်းချက်ငှားရမယ်ထင်တယ်..ဟင်းးဟင်းးး"
ရှောင်းကျန့်က ကျန်းချန်ကိုသေချာစိုက်ကြည့်လို့ပြုံးပြလိုက်သည်။
ရယ်သံတွေရောလို့ ခပ်နောက်နောက်ပြောနေပေမယ့် မင်းရည်ရွယ်တဲ့စကားတွေရဲ့အနက်ကို ငါသေချာနားလည်ပါတယ်ကျန်းချန်...
ငါကအရမ်းအဆိပ်ပြင်းတာမို့ မင်းအဆင်ပြေပါ့မလား
"ဟာ...ကျန်းချန် မင်းကတော့နော် လူကိုများ ဘာကိုထမင်းချက်လဲ..ဟွန်းးး"
"...."
ချစ်ဖို့ကောင်းအောင်စူပြနေတဲ့သူ့ရဲ့နှုတ်ခမ်းပါးရဲရဲတွေက ကြည့်လို့ကောင်းရဲ့လား ဝမ်ရိပေါ်
"လူကြီးက ပြောပေးဦးလေဗျာ...သူ့ကျွန်တော့်ကိုဖဲ့နေတာကို"
"အဟင်းးး"
ဝမ်ရိပေါ်က သဘောကျသလိုခပ်စစရယ်သည်။
ဝမ်ကတော်ရှေ့မှာလူကြီးလို့တပ်ခေါ်ခဲ့တဲ့သူဟာ မျက်နှာနည်းနည်းမှပူမနေခဲ့သလို...ကျန်းချန်ကိုလည်းအားနာမနေခဲ့ဘူး
ရှက်တတ်နေရင် အားနာတတ်နေရင် ရှောင်းကျန့်ဘယ်ဟုတ်ပါတော့မလဲ
ထမင်းဝိုင်လေးဟာ ရယ်မောသံတွေဆူဆူညံညံပါပဲ....စစ်မှန်မှုရှိမနေတာကလွဲလို့ပေါ့
***********
"ပြန်လိုက်ပါဦးမယ်"
နှုတ်ဆက်စကားကိုဆိုလို့ပြုံးပြနေတဲ့သူ့ကိုကြည့်နေတဲ့ဝမ်ရိပေါ်
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanfictionမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024