💎Unicode💎
ကျန်းချန်ကိုသတိလွတ်စွာထိုးနေတဲ့ သူ့ကို ဝမ်ရိပေါ်က ဆွဲကာ တွန်းပစ်လိုက်သည်။
"လူ...ကြီး..."
"တော်သင့်ပြီ ရှောင်းကျန့်...မင်းကိုယ့်ကိုချစ်တယ်ဆိုတိုင်း တခြားသူကို ကိုယ်ထိလက်ရောက်ပြုပိုင်ခွင့် စွပ်စွဲပိုင်ခွင့် မင်းမှာမရှိဘူး"
လဲကျနေတဲ့ရှောင်းကျန့်က ပြန်ထဖို့မကြိုးစားတော့ဘူး...သူ့ရဲ့ဒူးတွေက ပြန်မထနိုင်လောက်တဲ့အထိအားနည်းနေခဲ့ပြီ
သွေးထွက်နေတဲ့ကျန်းချန်ရဲ့မျက်နှာကို တယုတယကိုင်ကြည့်နေတဲ့ခင်ဗျားကို ကျုပ်စိတ်ပျက်မိတယ် ဝမ်ရိပေါ်
"ခင်ဗျားက ဘယ်လိုလူမျိုးလဲ ဝမ်ရိပေါ်....ယုန်ဖြူလေးကိုသိပ်ချစ်ပါတယ်လို့ အော်ဟစ်နေတဲ့ခင်ဗျားက...ကိုယ့်ဘေးကလူ အစစ်လား အတုလားတောင်မခွဲခြားနိုင်ဘူး"
"....."
"ခင်ဗျားက တကယ်ရော ယုန်ဖြူလေးကိုချစ်တာဟုတ်ရဲ့လား"
တိတ်ဆိတ်နေတဲ့ဝမ်ရိပေါ်...အမှန်အမှန်ကိုမခွဲခြားနိုင်တဲ့ ဝမ်ရိပေါ်...တကယ့်ကို တွေဝေတတ်တဲ့ ဝမ်ရိပေါ်...အဲ့ဒီဝမ်ရိပေါ်က သူသိပ်ချစ်ရတဲ့သူ
"ကိုကိုသွားရအောင်...ဒီအရူးကောင်နဲ့ ဘာစကားမှဆက်ပြောစရာမလိုဘူးး"
အဖက်မတန်သလိုအကြည့်တွေစကားတွေကို ရှောင်းကျန့်က အရမ်းမုန်းမိပါရဲ့..ငယ်စဥ်ကတည်းက အကြည့်ခံလာရလို့များလား
ကျဆင်းလာတဲ့မျက်ရည်တွေရယ်...ရွာချလာတဲ့မိုးတွေရယ်...အချိန်ကိုက်ပါပဲ...
လှည့်ထွက်သွားတဲ့ခြေလှမ်းတွေ...သူ့ရဲ့အဝေးကိုလှမ်းနေတဲ့ ချစ်ရသူရဲ့ခြေလှမ်းတွေ...
တစ်လှမ်းး...
နှစ်လှမ်းး...
သုံးလှမ်းး...
လေးလှမ်းး...
ငါးလှမ်းး...
"မေမေကြီးကပြောတယ် မတည်နိုင်တဲ့ကတိတွေကိုမပေးရဘူးတဲ့!!! "
မိုးရေတွေကြားထဲကနေ အော်ပြောလိုက်တဲ့ သူ့စကားကြောင့် ရပ်သွားခဲ့တဲ့ခြေလှမ်းတွေ... နောက်ကိုတော့လှည့် မကြည့်လာခဲ့ပါ
YOU ARE READING
မာယာများနှင့်နှောင်ဖွဲ့သော[Completed]
Fanficမာယာများပြီး ကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ နှလုံးသားကိုကစားကြည့်ကြမလား.... Start Date::::22.8.2o24 End Date :::::11.10.2024