မှားသောရင်ခွင် 💔

9.1K 348 14
                                    

မှားသော ရင်ခွင် (1) 💔

''Jeon....''

မှောင်ပြပြအခန်းတစ်ခုရဲ့ ဘေးထောင့်နားမှာ
အရက်ခွက်ကို ကိုင်ကာ တစ်စုံတရာကိုတွေးနေဟန်ရှိသောသူ...

နာမည်ခေါ်လိုက်သော်လည်း ပြန်မထူး ဒါပေမယ့်
အရက်ခွက်ကို ကိုင်ထားတဲ့ သူ့လက်တွေက တုန်ရီနေသည်....၊

''သူ...​စေ့စပ်သွားပီ... Jeon...''

မတိုးလှ မကျယ်လှသော အသံနဲ့ ပြောနေသော်ငြား
ရင်ထဲမှာ ဗလောင်ဆူနေသူမို့ အသံဟာ သိပ်ကျယ်သွားသလို
တစ်ကိုယ်လုံး တုန်ကာသွားသည်....၊

ကိုင်ထားတဲ့ အရက်ခွက်ကလေးဟာလဲ ကူရာမဲ့....
ခြေရင်းမှာ ကျလျက်.......

''မင်းဘယ်လောက်ခံစားရမလဲ ငါသိပါတယ်...
ဒါပေမယ့်....သူ....သူပျော်နေတယ်....''

ပျော်နေတယ်...ပျော်နေတယ်ဆိုတဲ့ စကားရဲ့အဆုံးမှာ....
Jeon ကရယ်သည်...အသက်မပါပေမယ့်
ကျေကျေနပ်နပ်ပါပဲ...
ထို့နောက် ခေါင်းညိမ့်ပြလိုက်ကာ....

"အင်း...ငါသိပြီ...မင်းလဲ နားတော့လေ...
ငါအိပ်ချင်နေပြီ မို့... ''

''ငါစောင့်ပေးရမလား....''

''ရတယ်.... မာန်..ငါအေးအေးဆေးဆေး နားချင်လို့...
မနက်မှဆုံရအောင်....''

''အင်း..ဒါဆိုလဲ ငါပြန်မယ်....
တစ်ခုခုဆို ဖုန်းဆက်နော်....''

သူငယ်ချင်းဖြစ်သူ Jeon ကို စိတ်မချသော်ငြား
ထင်သလောက် အခြေအနေဆိုးမနေတာမို့
မာန် ပြန်ဖို့ဆုံးဖြတ်လိုက်သည်...၊

သူပြုံးနေတာမို့ အဆင်ပြေမှာပါ....
သူရယ်နေတာပဲမို့ ဆိုးဆိုးဝါးဝါးဘာမှ
မဖြစ်လောက်ပါဘူးဆိုတဲ့ မာန် ရဲ့ ထင်မြင်ယူဆချက်ဟာ
သိပ်မှားသွားမှန်း
မာန် မသိခဲ့ပါ......။

.......................၊

အခန်းထဲက မာန် ထွက်သွားသွားခြင်းပဲ Jeon အခန်းတံခါးကို
လော့ချလိုက်သည်...၊
အေးတိအေးစက်ပဲ အခန်းထဲမှာ အဆင်သင့်ရှိနေခဲ့တဲ့
အရက်ပုလင်းကိုကောက်၍ မော့ချလိုက်ကာ
တိမ်တွေကိုငေးကြည့်နေရင်း ရင်ဖွင့်မိသည်....၊

''ပျော်နေတာလား...မောင့် Jimin...
မောင်ကတော့ ရင်တွေနာရတယ်...အရမ်းပဲ...
မင်းကိုချစ်တယ်...ချစ်တယ်လို့ မောင်ပြောချင်သေးတယ်...
ရင်ခွင်ထဲမှာ ဖက်ထားချင်တယ်..
ရူးတယ်..မောင်ရူးတယ်.. မင်းကိုရူးရူးမူးမူးပါပဲ
ငယ်ရယ်...မောင်မင်းကို သိပ်ချစ်တာ...သိပ်...ချစ်..တာပါ...
အချစ်ရဆုံးသူမို့ မောင့်မိဘတွေထပ်ကို ပိုချစ်ရသူမို့
မင်းကို လက်လွှတ်လိုက်ရတဲ့ အခါ
မောင်... သေမတပ်ပဲ Jimin...
မောင်..သေလိုက်ချင်ပီကွာ...''

မှားသောရင်ခွင် 💔Where stories live. Discover now