မှားသောရင်ခွင်

1.7K 113 7
                                    


မှားသောရင်ခွင် (32) 💔

''Jimin...မောင့်ကလေးလေး....နေမကောင်းဘူးလား...''

နှစ်ယောက်သားအတူတူ ကြားလေပင်မဝင်နိုင်အောင်
ဖက်အိပ်နေရင်းမှ
ရင်ခွင်ထဲက ခန္ဓာကိုယ်ငယ်လေး နွေးနေတာကို
ချက်ချင်းသတိထားမိတဲ့ မောင်....

ဒဏ်ရာကြောင့်ဆေးသောက်ပြီး အိပ်နေပေမယ့်...
တဖက်က ခန္ဓာကိုယ် နွေး နွေးလေးကြောင့်
မောင်တယောက် လန့်ကာ နိုးသွားသည်ထင်....

''ရတယ်မောင်...ကိုယ်နည်းနည်းပူတာလောက်ပဲ....''

''နည်းနည်း ဘယ်ဟုတ်ပါ့မလဲ Jimin....
မင်းဒီလောက် ကိုယ်တွေပူနေတာကို....
မောင့်ကိုလဲ မနိူးဘူး...''

''မောင် အိပ်နေတော့...မနိူးရက်...လို့...''

မောင်က စိုးရိမ်စွာ  ပြေပြေလေးဆူတော့
ရင်ခွင်ထဲမှာ မျက်နှာလေးဖွက်ကာ
တိုးတိုးလေးပြောလာခဲ့သည်....

လေပြေလေးတွေပဲ...သူတို့ကြား မုန်တိုင်းမရှိဘူး...
ခက်ထန်တဲ့စကားလုံးတွေ မောင်ကလဲ မသုံးသလို
မောင့်ကလေးလေးက လဲ မသုံးခဲ့...
မောင်တို့တည်ဆောက်ထားတဲ့ ကိုယ်ပိုင်ကမ္ဘာလေးဟာ
ငြိမ့်ငြိမ့်ညောင်းညောင်းလေး....
ခက်ထန်ခြင်း တစိုးတစမျှပင် မရှိပါ....
ငယ်ရွယ်နေခဲ့စဉ်မှာတောင် နှစ်ယောက်စလုံးက
ရင့်ကျက်မူတွေ ကိုယ်စီနဲ့....
တစ်ယောက်ကို တစ်ယောက်တန်ဖိုးထားခဲ့ကြသည်...

''ကဲ ထ..မောင့်ကလေးလေး...
အကျီလဲရအောင်...တကိုယ်လုံးချွေးတွေနဲ့...
ပို အအေးမိလိမ့်မယ်....''

ကွေးကွေးလေးခွေနေတဲ့ သူကိုမောင်ကဆွဲထူကာ
အကျီလဲပေးရန်ပြင်သည်....
မောင်လုပ်သမျှသူ ငြိမ်ငြိမ်လေးခံကာနေသည်...
သူနေမကောင်းနေတော့ မလူပ်နိုင်နေတာကြောင့်....
ငြိမ်ငြိမ်လေး အိပ်ရာပေါ်
ပြန်ခွေဖို့သာ ပြင်နေသူလေး....

''နေဦးလေ...သဲငယ်လေးရယ်...
မအိပ်နဲ့ဦး...နေမကောင်းနေတာကို တခုခုစားပြီး
ဆေးသောက်ဦးလေ...''

''ထချင်မနေဘူး...အိပ်တော့မယ်
မောင်ရယ်...ဖက်ထားပေး ဆေးကမနက်မှသောက်မယ် ''

''ခေါင်းမာပြီတွေ့လား Jeon Jimin တို့က...
မောင့်ကို ပိုစိတ်ပူအောင်....''

မှားသောရင်ခွင် 💔Where stories live. Discover now