မှားသောရင်ခွင် 💔

1.4K 99 6
                                    

မှားသောရင်ခွင် (16) 💔

တီ...တီ....တီ.....

မနက်ခင်း အစောကြီး မေမေ့ဆီက ဖုန်းလာတာကြောင့်
Jimin အမြန်ပဲကောက်ကိုင်လိုက်မိသည်....
မနေ့ညက တတ်ထားတဲ့ ပြသာနာတွေကြောင့်ပဲနေမှာ

ဦးရဲထွဋ်ခေါင် ရော အဆင်ပြေရဲ့လား...
စိတ်ခုသွားပြီး ပိုက်ဆံတွေ ခုချက်ချင်းပြန်တောင်းရင်
ဒုက္ခ များရချည်ရဲ့.....
ငွေတွေက နည်းတာမဟုတ်....

မောင်ကတော့ အိပ်နေဆဲမို့....
တယောက်ထဲသာ အတွေးတွေနဲ့ ဗြာများပြီး
မေမေ့ဖုန်းကို ကိုင်လိုက်စဥ်...

''Hello...မေမေ....''

''Jimin....သားလေး....မင်း...အဖေ...မင်း..အဖေ
ဆုံး..ပြီသားလေး...''

'ခင်ဗျာ'

မမျှော်လင့်ပဲ ကြားလိုက်ရသည်က
ဖေဖေဆုံးပြီတဲ့....
ဖုန်းပင် လွတ်ကျတော့မလို ဖြစ်သွားတာကြောင့်
အသိစိတ်ကို မနည်းကပ်ထားပြီး နားထောင်နေရသည်...

''ဖေဖေက...ဘယ်လို.... ဖြစ်ပြီး....''

ခွဲစိတ်ပြီးရင် သေချာပေါက် နေပြန်ကောင်းလာမှာလို့
ဆရာဝန်ကြီးတွေက ပြောခဲ့တာပဲ....
ခွဲစိတ်ဖို့ ငွေအလုံအလောက်သာ ရှိရင်
ဖေဖေ သေချာပေါက် အသက်ရှင်နိုင်ပြီလို့ထင်ခဲ့တာ...
ဘယ်လိုဖြစ်ပြီး.....

''အောက်စီဂျင် ပိုက်ပြုတ်တာတဲ့...သားရယ်....
ဆေးရုံကတော့... မတော်တဆမူလို့ ပြောတာပဲ....
မေမေ တော့ မသိတော့ပါဘူး....သားညီလေးနဲ့
မေမေ အခုဆေးရုံသွားနေပြီ...သားက အမြန်ဆုံးလိုက်ခဲ့နော်..''

''ဟုတ်...ဟုတ်ကဲ့ မေမေ..''

မေမေ ဖုန်းချသွားပြီး Jimin လည်း နေရာမှာတင်
ပစ်လဲ ကျသွားတော့သည်....
အဖြစ်အပျက်တွေ က မမြန်ဆန်လွန်းဘူးလား....
ဖေဖေက အစောကြီးထွက်သွားခဲ့ပြီ....

မိသားစုရဲ့ အားကိုးအားထားရာ ဖေဖေမရှိတော့ဘူး....
မေမေနဲ့ ညီလေးရဲ့ အနာဂတ်....
ဦးရဲထွဋ်ခေါင် ရဲ့ ငွေတွေ.....
မောင် နဲ့ ဂုဏ်သိက္ခာ သိပ်မက်တဲ့ မောင်ရဲ့မေမေ....
ဒါတွေ အကုန်လုံးဟာ ခေါင်းပေါ်ကို စုပြုံရလာသလိုပဲ...

အတွေးတွေနဲ့ ငိုချမိတော့သည်....
ဒီပုံစံနဲ့သာဆိုရင် မောင့်မေမေဟာ အဖေမရှိတော့တဲ့
သူ့ကို ဘယ်လိုပုံစံနဲ့မှ လက်ခံလာမှာမဟုတ်...

မှားသောရင်ခွင် 💔Where stories live. Discover now