မှားသောရင်ခွင် 💔

1.9K 135 10
                                    

မှားသောရင်ခွင်  (29)

ခြေအိတ်ကလေးတွေ...မောင့် Jeon jimin ကသိပ်ချစ်တာ...
ရောင်စုံလေးတွေ ဝယ်ပေးရင် သူသိပ်သဘောကျတာ...
အိမ်ကထွက်သွားတုန်းက သူသိပ်ချစ်တဲ့
ခြေအိတ်ကလေးတွေ မောင်မထည့်ပေးခဲ့လိုက်ရဘူး....

အစာအိမ်နုနုလေးရှိသူမို့ အစားအသောက်တွေ
ဆင်ခြင်ဖို့ရာ မောင်မမှာခဲ့လိုက်နိုင်ဘူး....

အစပ်ကြိုက်တတ်သူလေးမို့ သူဗိုက်ဆာရင်
ခေါက်ဆွဲစပ်စပ်ကလေး လုပ်ပေးဖို့....
အေးလာရင် ရင်ခွင်ထဲခေါင်းတိုးပြီး ဂျီကျတတ်တဲ့သူမို့....
လူစိမ်းတွေနဲ့ စကားပြောရင် ရှက်တတ်ကြောက်တတ်သူလေးမို့
အနားမှာနေပေးဖို့....
လေသံလေးနည်းနည်းမာရင်တောင် သူစိတ်မကောင်း
ဖြစ်တတ်တာမို့ မျက်နှာလေး ညိုးတတ်တာမို့
ဂရုစိုက်ပေးဖို့ရာ....

မောင်မမှာခဲ့လိုက်နိုင်ဘူး Jimin...😔

............................၊

''Jimin...သားလေး...
စွယ် ရောက်နေတယ်...''

အခန်းထဲက ပစ္စည်းတွေ ရှင်းနေရင်း
မေမေက တံခါးဝကနေ လှမ်းပြောတော့
Jimin လက်ကလေးတွေ တုန့်ခနဲ...
အချိန်တခု ကြာသည်အထိ ဒီလူနဲ့ပတ်သတ်တဲ့
သတင်းတစွန်းတစ လေးကြားလာရရင်ကို
လူက ရင်တွေတလှပ်လှပ်နဲ့ ခြောက်ခြားမိသည်အထိ....
အတိတ်တွေမလှခဲ့လိုက်တာများ.....

ဘယ်တော့မှ မပတ်သတ်တော့ပဲနေကြရအောင်လို့
အပြတ်ကို ပြောခဲ့တာပါ.....
ရင်ထဲက ထုတ်လို့မရသော်ငြား....
ဘယ်တော့မှ ပေါ်ပေါ်ထင်ထင် ထပ်မချစ်တော့ဘူးလို့
ဆုံးဖြတ်ချက် ချထားခဲ့တာ....

Tae ကလဲ ရောက်လာပြီး အခုလဲ စွယ်ကပါ
ဘာလာလုပ်တာလဲ  စဉ်းစားမရ....
ပြသာနာတွေအများအပြား ရင်ဆိုင်နေရချိန်က
တောင်းတောင်းပန်ပန် လာပေးဖို့ ပြောခဲ့ပေမယ့်
ပေါ်မလာသူစွယ်က အခုမှ ဘာလို့ ပြန်ပေါ်လာရပြန်တာလဲ....

''ကျနော် နေမကောင်းလို့ မတွေ့ချင်ဘူး မေမေ...
အိပ်နေတယ်လို့ပဲ ပြောပေးပါ...''

ခတ္တ မျှ စဉ်းစားပြီးနောက် မျက်နှာလွှဲကာ
ပစ္စည်းတွေဆက်သိမ်းနေသော Jimin ကို ကြည့်ကာ
မေမေက သက်ပြင်းတချက်ချ၍ အောက်ဆင်းသွားခဲ့သည်..
မပတ်သတ်ချင်တော့ပါဘူး....
ဘာမှမသိချင်တော့ဘူး....

မှားသောရင်ခွင် 💔Where stories live. Discover now