မှားသောရင်ခွင် 💔

1.5K 124 1
                                    

မှားသောရင်ခွင် 💔(10)

''ပီတာ...''

''ဗျာ boss''

''မနေ့က ငါ့အိမ်လာသွားတဲ့ ကောင်လေး...
အဲ့ဒီကောင်လေးအကြောင်းစုံစမ်းပေးစမ်းး
နာမည်..ဘယ်မှာနေလဲ နဲ့ ဘယ်ကျောင်းမှာ
တက်နေလဲဆိုတာပါ''

''ဟဲဟဲ.... boss တပည့် ပီတာပါဗျ...
အကုန်စုံစမ်းပြီးသွားပြီ... boss အိပ်ရာက
နိုးရင် ပြောပြမလို့ ကျနော်စောင့်နေတာ..''

''ဟမ်....မင်းက ဘယ်..လို..''

''boss စိတ်တွေ အဲ့ကောင်လေးဆီပါသွားမှန်း
ဒီက တပည့်က သိပြီးသားပါ...မနေ့ကပဲ
လူလွှတ်ပြီး အကုန်စုံစမ်းပြီးသွားပြီ...''

လူကြီးရှက်တော့ ရယ်တာပေါ့..ဆိုသလို
ရဲထွဋ်ခေါင် ပြုံးတယ်ဆိုရုံလေးပြုံးသည်...

''boss ဆီမှာ တပည့်ခံလာတဲ့ သက်တမ်းတလျောက်
မှာလေ ဒီလိုစိတ်ပါလက်ပါ ပြုံးရယ်တာ
ကျနော် ပထမဦးဆုံး တွေ့မိတာပဲ...
boss အဲ့လောက်ကြွေနေရင် အကြွေးတွေနဲ့ သိမ်းလိုက်လေဗျာ
အလွယ်လေးကို...''

''ေဟ့ကောင်...နေ..နေ....
သူက အခုမှ ကျောင်းသားလေး ရှိသေးတယ်...
ငါက အသက် လေးဆယ် အဖိုးကြီးဖြစ်နေပြီ....
သူ့ဘာသာ နေစမ်းပါစေကွာ...''

''boss ကလဲ လုပ်ပြီဗျာ..သူများနောက်ပါသွားမှဖြင့်
ပြီးတော့ boss က ခန့်ချောကြီးပါဗျ...Jimin
ကြိုက်မှာပါ..''

''Ji..jimin တဲ့လား...သူ့နာမည်က....''

''ဟုတ်တယ် boss... ''

''Jimin...jimin....''

နာမည်လေးကို ရဲထွဋ် ခေါင် သေချာရေရွတ်သည်....
ပျော်တယ်...ကလေးရဲ့နာမည်လေး သိခွင့်ရခဲ့ပြီ...

နာမည်လေးက လှလိုက်တာ..သူကလဲ သိပ်ကိုလှတာ....
မျက်လုံး လှလှလေးတွေနဲ့ နူတ်ခမ်းဖူးဖူးလေး....
လက်သေးသေးလေးတွေ....
အို...အကုန်ပါပဲ....

လူမိုက်ကြီးရဲ့ ရင်ထဲမှာလဲ ဝိုင်းဒိုင်းကိုကြဲလို့
မိန်းမလှတွေကို ရင်မခုန်ပဲ
ကိုယ့်နှလုံးသားက မင်းကိုမှတဲ့ ကလေးရယ်...

ရဲထွဋ်ခေါင်ဆိုတာ အင်မတန်.. ပိုက်ဆံရှိသူ...
ကျော်ကြားသူ..ဂုဏ်သရေရှိသူ တစ်ဦးပါ...
ပိုက်ဆံလိုသူ ဘယ်သူ့ကိုမဆို သူကူညီသည်...
အချိန်တန်သူ့ပိုက်ဆံပြန်ပေးရင် သူနဲ့ငြိစရာမလို...

မှားသောရင်ခွင် 💔Where stories live. Discover now