မှားသောရင်ခွင် 💔

1.4K 102 0
                                    

မှားသောရင်ခွင် (25)💔

အိမ်မက်ကလေးတွေလှတယ်မောင်.....
ဖြစ်နိုင်ရင် အိမ်မက်ထဲမှာပဲ တသက်လုံး
ရှင်သန်သွားချင်တော့တဲ့အထိပဲ....

လွမ်းလိုက်ရတဲ့ မောင့် အပြုံးလေးတွေ.....
စကားသံချိုချိုလေးတွေ...
ဘယ်တော့မှများ ကိုယ်ပြန်ရရှိမလဲ.....

တခါတလေတော့လဲ ကိုယ်လိုလူတယောက်အနေနဲ့
မဖြစ်နိုင်တာတွေများသား မောင်ရယ်...

သိပ်လွမ်းတယ် ...အရာအားလုံးကို သိပ်လွမ်းပါတယ်.....💔

........................................................................................

''ကိုကို...ကျောင်းသွားမှာမလား ရိုစီ လိုက်ခဲ့ဦးမယ်နော်...
ကိုကို့ သူငယ်ချင်းတွေက အရမ်းခင်ဖို့ကောင်းတယ်နော်
ရိုစီ သဘောကျတယ်.... ''

မောင့်အတွက် coffee ပန်းကန်သွားချပေးဖို့
ထမင်းစားခန်းထဲ အဝင် ရိုစီ ပြောလိုက်တဲ့ စကားကြောင့်
Jimin ခြေလှမ်းလေးတွေ တုန့်ခနဲ....

Jimin ဝင်လာမှန်းသိ၍ ရိုစီ တမင်ပြောနေမှန်း
မောင်ရော Jimin ပါနှစ်ယောက်လုံး သိကြပါသည်....

သူတို့ သိပ်ရင်းနှီးနေကြပြီပဲဟု ဘာရယ်မဟုတ်
စိတ်ထဲမှာတွေးမိတော့ ဝမ်းနည်းမိသေး....
ဝမ်းနည်းစိတ်ကို ဖုန်းကွယ်ကာ
coffee ဖျော်ထားသော ခွက်ကလေး မောင့်အရှေ့သို့
ချပေးလိုက်မိသည်......

အသိအမှတ်ပြုပြု မပြုပြု ကိုယ်လုပ်ပေးရမယ့်
ဝတ္တရားပဲလေ....

''အင်း...ရတယ် လိုက်ခဲ့လေ....''

''ဟီး...ကိုကိုကလေ.... ရိုစီ့ကို သိပ်အလိုလိုက်တာပဲ....
ရိုစီ ဒီမှာနေရတာ အရမ်းပျော်တယ်...''

''အင်း...''

Jungkook ရဲ့ လိုရင်းတိုရှင်းပြန်ဖြေမူကြောင့်
ရိုစီ သိပ်အလိုမကျချင်ပေမယ့် မတတ်သာ၍
တိတ်တိတ်လေး နေလိုက်ရသည်....
Jungkook ရဲ့ ပုံစံတွေ ပလစ်နေမူတွေကို အမှန်အတိုင်း
ပြောရရင် ရိုစီသဘောမကျ....အောက်တယ်လို့ခံစားရသည်...

တကယ်ဆို ရိုစီက သိပ်လှလွန်းလို့
လာကပ်နေတဲ့ ယောကျ်ားလေးတွေမှ တပုံကြီး...
အဲ့ထဲကမှ Jungkook ကိုရွေးတယ်ဆိုတာ
ပိုင်ဆိုင်မူတွေရယ် ရုပ်ရည်ရယ် ပြီးတော့ ရိုစီကိုယ်တိုင်ကလဲ
စိတ်ယိုင်မိတာကြောင့်လဲပါသည်....
ထားပါလေ ဘာပဲ ဖြစ်ဖြစ် တချိန်ကျ ကိုယ့်လူဖြစ်မှာပဲကို...
အခုချိန်တော့ ခနသည်းခံရမှာပေါ့ ဟုသာ
ခပ်ပေါ့ပေါ့တွေး၍ နေလိုက်ရသည်....

မှားသောရင်ခွင် 💔Where stories live. Discover now