မှားသောရင်ခွင် 💔

1.3K 103 3
                                    

မှားသောရင်ခွင် (15)💔

ကံကြမ္မာကြောင့်ဝေးရတယ်လို့ပြောရင်
မောင်က ကံကြမ္မာကိုတောင် ပြန်တည့်မယ့် လူမျိုး
ဝေးဖို့အတွက် ချစ်ခဲ့တာမှ မဟုတ်တာ......

.................၊

''ဘာတွေ ဖြစ်လာကြတာလဲ..''

Tae က အတင်းတောင်းပန်လွန်းနေ၍
Yoongi က သူ့ဆိုင်မှာ ကောင်လေးတွေကို
လက်ခံထားလိုက်သည်....
တကယ်ဆိုဒီနေရာဟာ ကောင်လေးတွေနဲ့ သိပ်မလိုက်ဖက်
အတင်းတောင်းဆိုနေလို့သာ အပေါ်ဆုံးအထပ်က
VVIP ဝိုင်းကို ပေးထားလိုက်ရသည်....

အရမ်းမပြင်းတဲ့ အရက်နှစ်ပုလင်းလောက်ကို
ယူလာကာ Yoongi ကမေးတော့
ဘာမှ ပြန်မဖြေကြ....

''ငါမေးနေတယ်လေ...''

''နောက်မှ မေးတော့... အကို...Jeon အရမ်း စိတ်ညစ်နေလို့
ေနာက်မှ ကျနော်ရှင်းပြမယ်..''

သွက်လက်သူ စွယ်ကပင် တိတ်နေသည်မို့
Yoongi ဘာမှ ထပ်မမေးဖြစ်တော့...
အမြည်းနှင့်ပတ်သတ်၍ သေချာလုပ်ပေးရန်
ဆိုင်မှ ကောင်လေးတွေကို မှာကာ
အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်...

''မင်းကို ငါပြောစရာရှိတယ် Jeon..''

''Tae..''

အရက်အနည်းငယ်ငှဲ့ကာ Jeon ဆီသို့
ကမ်းပေးလိုက်ရင်း Tae က စကားစတော့
ဘာပြောမှာလဲ ဆိုတာကြိုသိနေပုံရသည့်
မာန် နဲ့ စွယ်တို့က တားလာသည်....

''ပြော...''

စွယ်က မပြောပါနဲ့ဟု အသနားခံနေသော 
မျက်လုံးအကြည့်တွေဖြင့် ကြည့်ကာ Tae ကို တားသည်...
Hoseok ကလဲ ဆုံးဖြတ်ရခက်ခဲနေတဲ့ပုံနှင့် အရက်ကိုသာ
မော့ချနေသည်....

''ငါပြောမှ ရမှာမို့...မဟုတ်ရင် ပြသာနာတွေ ပိုရူပ်ကုန်မယ်..''

ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင်ချထားပြီးသူလိုမျိုး
Tae ကစကားစသည်....
ရဲဆေးအနေနှင့် အရက်ကိုမော့ချကာ Jeon ကိူကြည့်တော့
ဘာမှမပြောပဲ အံက်ိုသာ တင်းတင်းကြိတ်ထားသည်..

''ရဲထွဋ်ခေါင် ဆိုတဲ့ လူကို ငါသဘောမကျဘူး Jeon...''

''Tae...နင်က ဒီအချ်န်ကြီးမှာ ဟာ...''

မှားသောရင်ခွင် 💔Where stories live. Discover now