မှားသောရင်ခွင်

1.6K 113 6
                                    


မှားသောရင်ခွင် 💔(28)

ဝေးသာဝေးခဲ့ကြရတာ မချစ်လို့မှမဟုတ်ကြပဲ
သိပ်ချစ်ခဲ့ကြတာပဲကို.....💔

................................၊

''အကိုလေး...နိုးလာပြီလား....သတိရလာပြီလားဟင်...''

''အင်း...''

ဆေးအရှိန်ကြောင့် ဒဏ်ရာက နာနေသေးပေမယ့်
မနေ့ကလောက် ဆိုးဆိုးဝါးဝါးနာကျင်နေတာမျိုးမဟုတ်တော့..
ခပ်နွေးနွေးပွေ့ဖက်မူတခုက မောင့်ဆီကပဲဆိုတာ
ကြည့်စရာပင်မလိုပဲ Jimin သိနေပါသည်....

မောင့်လက်ကိုအသာဖယ်ကာ ဆေးသွင်းထားတဲ့ပိုက်ကို
ဆွဲဖြုတ်၍ ကုတင်ပေါ်က အသာပင်
ဆင်းမည်ကြံ​လိုက်သည်...
ဒါပေမယ့် အကျီစကို အရာတခုခုက ခပ်တင်းတင်း
ဆွဲထားသလို ခံစားရတာကြောင့်
ပြန်ကြည့်လိုက်တော့ တွယ်ချိတ်တစ်ခု....
မဲ့ပြုံးသာ ပြုံးလိုက်မိသည်....

ဘယ်တော့မှ မဝေးကြဘူးလို့ ကတိသစ္စာတွေဆိုထားရင်း
လေးနှစ်ပြည့် anniversary တုန်းက
မောင့်ကိုလက်ဆောင်ပေးခဲ့ဖူးတဲ့ တွယ်ချိတ်ကလေး...
မောင်ကသူ့အကျီစနဲ့ တွယ်ကာချိတ်ထားခဲ့သည်....

ကတိမတည်နိုင်လို့တောင်းပန်ပါတယ်...
ငါတို့ဝေးကြရတော့မယ်လေ.....

တွေဝေခြင်းမရှိ
ခပ်မြန်မြန်ပဲ တွယ်ချိန်ကိုဖြုတ်လိုက်ကာ
ကုတင်ပေါ်က ဆင်းလိုက်သည်....

''ဘယ်...ဘယ်သွားမလို့လဲဟင် အကိုလေး....
နေမကောင်းသေးပဲ...နဲ့...အဲ့လိုတွေမလုပ်ပါနဲ့....
အတာ..တောင်းပန်ပါတယ်.... ''

သတိရလာလာချင်းပဲ ဆေးသွင်းပိုက်တွေ ဆွဲဖြုတ်ကာ
အိပ်ရာပေါ်မှ ဆင်းရန်ကြိုးစားနေသော အကိုကြောင့်
အတာ ခပ်မြန်မြန်တားလိုက်ရသည်...

''တိတ်တိတ် နေစမ်းး အတာ....ဟိုမှာ နိုးသွားမယ်...''

အကိုလေးက ဘေးမှာ ပင်ပန်းလွန်း၍ အိပ်မောကျနေသော
သခင်လေး Jungkook ကိုမေးငေါ့ပြကာ
ခပ်တိတ်တိတ် သတိပေးသည်...
သခင်လေး မနိုးလာခင် အကိုလေးက
ထွက်သွားချင်နေသည့်ပုံပင်....

အတာ ဘာလုပ်ရမလဲပင်စဥ်းစားမရတော့...
သခင်လေး မြန်မြန် နိုးလာပြီး အကိုလေးကို
ဆွဲထားနိုင်ပါစေဟုသာ ဆုတောင်းနေမိသည်.....

မှားသောရင်ခွင် 💔Where stories live. Discover now