မှားသောရင်ခွင် 💔

1.3K 99 0
                                    

မှားသောရင်ခွင် (23) 💔

စိတ်မနာနိုင်ခဲ့ဘူး မမုန်းရက်လိုက်နိုင်ဘူး
ဒီလူကို ပဲ ကြည့်ပြီး ဒီလူကိုပဲ သိခဲ့တာမို့
ဘယ်လိုမှ မမုန်းရက်ခဲ့ပါဘူး.....

ဘယ်လောက်ပဲ ဒဏ်ရာတွေပေးပေး....
နာကျင်စရာတွေပေးပေး ငါခံယူရမယ့်
အရာတွေပဲလို့သာ သတ်မှတ်ပြီး ရင်နာခံပြီး
ရှေ့တိုးမြဲ......ရှေ့တိုးဆဲ.....

.....................................................................................

''ဟဲ့...အတာ...လာစမျးးးးး''

''ရှင် မမလေး ရိုစီ...''

''ငါနင့်ကို မနက်စာသေချာ ပြင်ထားပါလို့
ပြောထားတယ်မဟုတ်ဘူးလား ဒါကဘာတွေလဲ...''

''ဟို ဒါ..ဒါက....''

''ဘာလဲ နင်က ငါ့ကို ပမာမခန့်လုပ်တာလားးးးး
နင်သေချင်နေပြီလား.... ! အတာ ''

''မဟုတ်ပါဘူး မမလေးရိုစီ... အတာက မမလေးအကြိုက်ကို
မသိသေးလို့ပါ...''

''မသိရင် သိအောင်လုပ်...!
နင်ကတော့ ငါ လက်ပါမိတော့မယ်...''

''အတာ..တောင်းပန်ပါတယ် မမလေး...''

''စောက်သုံးကိုမကျဘူး...''

ရုပ်ကလေးလှသလောက် အပြောအဆိုကြမ်းတဲ့
ရိုစီကြောင့် အတာ မျက်နှာပျက်သွားခဲ့သည်.....
အတာ့ အမေတောင် ဒီလိုတွေ မပြောခဲ့ဖူးဘူး....

''အဲ့လောက်မပြောနဲ့လေ ရိုစီ... အတာ ကမှ မသိသေးတာ
ရိုစီကြိုက်တတ်တာလေးတွေ ပြောပေးထားရင်
ပြင်ပေးထားမှာပေါ့...အတာ က ငယ်သေးတယ်
အဲ့လောက်ကြီးမပြောပါနဲ့...''

''နင်ကဘာမို့လို့ ဝင်ပါချင်ရတာလဲ..''

အတာဆိုတဲ့ကောင်မလေးက
ဂွန်းလေးလောက်မငယ်ရင်တောင်
အရမ်းကြီး ကြီးလိမ့်ဦးမယ်မထင်.....

သူ့အနေနဲ့ ရိုစီဘာကြိုက်တတ်မှန်းမသိတာကြောင့်
ကြိုးစားပမ်းစား သူသိသလောက် ပြင်ပေးထားတာမှန်း
မြင်ရုံနဲ့ သိတာကြောင့် Jimin ကြားကနေဝင်ပြောပေးမိသည်

''ဒီအတိုင်းပါပဲ...အတာ့ ကိုအရမ်းဆူနေတာတွေ့လို့ပါ..''

''ဆူတော့ဘာဖြစ်လဲ ငါ့အလုပ်သမားငါဆူတာ...
နင့်နေရာနင်နေစမ်းပါ ဘောင်မဝင်တန်းမဝင်ရဲ့...''

မှားသောရင်ခွင် 💔Where stories live. Discover now