မှားသောရင်ခွင် 💔

1.3K 94 0
                                    

မှားသောရင်ခွင် 💔 (24)

မိုးသားတွေပြိုကာကျလို့ မြေပြင်ပေါ်သက်ဆင်းကြတယ်...
မိုးရဲ့အရှိန်ကြောင့် သစ်ရွက်ကလေးတချို့
ကြွေကျရပြန်တယ်....ကျေကျေနပ်နပ်ပါပဲ....
မိုးကိုအော်လို့ သူရန်ပြန်မတွေ့ခဲ့ဘူး.....
မိုးစက်တွေ ငိုနေသည်လေ...သူအော်ရင်
ပိုလို့ဝမ်းနည်းသွားမှာပေါ့....
သိုသိုသိပ်သိပ် သက်ဆင်းပေးခဲ့တယ်...

လေပြင်းတွေတိုက်ခတ်ရင် မိုးရေစက်တွေရဲ့ငိုသံကို
ပိုပြီး ထင်ထင်ရှားရှားကြားရတယ်...
ကြားရသူတွေအဖို့ လွမ်းဆွေးစရာပါပဲ...

မိုးရေစက်တွေနဲ့ အပြိုင်ငိုဖူးကြလား....
Jimin ဆိုတဲ့ကောင်လေးကတော့ ငိုဖူးတယ်....
ကောင်းကင်ကို မျှော်ငေးကြည့်ရင်း
ရင်ထဲက နင့်နင့်သီးသီး ရိူက်ပြီးငိုခဲ့ဖူးတယ်....

ရင်နာစရာညတွေ....မတရားလိုက်တာတွေ 💔

......................................................................................

အော်ငိုနေတဲ့ မိုးရေစက်တွေကို
ပြတင်းပေါက်မှတဆင့် ကြည့်နေရင်းက
ကိုယ်တိုင်လဲ အော်ငိုချင်စိတ်တွေပေါက်လာခဲ့ပါသည်.....
စိတ်ဓာတ်တွေ ပြိုယွင်းနေတာ သိပ်ကို ကြာခဲ့ပြီ....
နောက်တနေ့ကိုရောက်ဖို့ ညတွေကို ရင်မဆိုင်ရဲပေမယ့်
ခက်ခက်ခဲခဲ ရင်ဆိုင်နေရတာပဲ....

တစ်ယောက်ထဲပါပဲ ဘယ်သူမှ ရှိမနေပေးခဲ့ဘူး....
တခါတလေတော့လဲ လောကကြီးကို
အရူံးပေးလိုက်ချင်မိတယ် နာကျင်ရလွန်းလို့လေ....

ဒါပေမယ့် ချစ်ရတဲ့ လူသားကို လက်မလွှတ်ခဲ့လိုက်နိူင်ဘူး...

မောင် ဘယ်လောက် Jimin အပေါ် ချစ်သဲပိုခဲ့လဲဆိုတာ
တွေးမိတိုင်း ဒီလူသားလေးကို မစွန့်လွှတ်လိုက်နိုင်ခဲ့ဘူး...
ဒီလိုနဲ့ပဲ ရင်နာစရာတွေကို တယောက်ထဲ ခါးစည်းခံခဲ့ကာ
အဖော်မဲ့လေတော့
အိပ်ဆေးတွေ ကိုအဖော်ပြုခဲ့ရတဲ့ညတွေ
ရက်ဆက်လာခဲ့တယ်....

တကယ်တော့ ငါဒီဆေးတွေနဲ့ မတည့်ဘူးမောင်ရယ်.....
ဒီဆေးတွေကို ငါသောက်ပြီးတိုင်း ရင်ထဲမှာ
မွန်းကြပ်လာတယ်....အသက်ရူမဝတဲ့ဝေဒနာကို
နာနာကျင်ကျင် ခံစားရပြီး တကိုယ်လုံး
ထုံကျင် ပူလောင်နေတာပဲ....

မှားသောရင်ခွင် 💔Where stories live. Discover now