မှားသောရင်ခွင် 💔

1.9K 149 0
                                    

မှားသောရင်ခွင် (5) 💔


''သွေး...သွေး မလောက်တော့ဘူး Doctor...''

''သွေးအိတ်သွား ယူမြန်မြန်!!!
အချိန်ဆွဲမနေနဲ့... ​''

ဆေးရုံက ခွဲစိတ်ခန်းထဲမှာ အသက်လုနေရသောသူ
သေလမ်းကို ရွေးချယ်ခဲ့သူရဲ့ ခန္တာကိုယ်ကို
ဘာကြောင့်များ ကြိုးစားပမ်းစား ကုနေရသလဲ
Doctor တို့ရယ်....
ရယ်ချင်မိတယ်....
လွတ်ငြိမ်းခွင့်ပေးပါတော့....ဒီလောကကြီးထဲ
အသက်ရှင်ရတာ သိပ်ပင်ပန်းလာလို့..
ထွက်သွားပါရစေတော့.....

''D..Doctor လူနာ နှလုံးမခုန်တော့ဘူး...''

''စက်ယူလာခဲ့...မြန်မြန်!!!!''

''ဟုတ်...ဟုတ်ကဲ့...''

အချိန်အကြာကြီး ခွဲစိတ်ခန်းထဲမှာ ဒီလူနာအသက်ဆက်ဖို့
လုံးပန်းနေရတာ ကြောင့်
Namjoon တယောက် အရမ်းပင်ပန်းလာသည်...
နှဖူးမှ ချွေးတွေ စီးကျနေသည်ကို
ဘေးမှ ဆရာမ လေးက ခပ်မြန်မြန်ပဲ သုတ်ပေးနေသည်...

မျက်မှန်သမားဖြစ်တာကြောင့် အချိန်အကြာကြီး
အာရုံစိုက်ပီး ခွဲစိုက်ရတဲ့ အခါ
တခါတရံအကြည့်တွေကာ ဝေဝါးလာသည်...

''ကျစ်...အာရုံက စိုက်မရတော့ဘူး...
ဆရာမ ကျနော့်ကို လူစားလဲဖို့ပြောပေးပါ...
မြန်မြန်လေး...''

''ဟုတ်ကဲ့... Doctor...''

မြန်မြန်ပြေးထွက်သွားသော ဆရာမလေးကြောင့်
လက်ထဲမှ ညှပ်ကို ဘေးသို့ ချလိုက်ကာ လူနာကိုတချက်
စိုက်ကြည့်လိုက်မိသည်....

နှလုံးခုန်အောင် မနည်းကြိုးပမ်းထားရတာကြောင့်
နဲနဲတော့ အဆင်ပြေနေသေးသည်....

ဒုက္ခ​ပေးလိုက်တဲ့ ကိုယ်လူချော....
သူကြည့်တော့လဲ အေးအေးချမ်းချမ်းပါပဲ...
အနည်းငယ် မျက်တွင်းတွေ ညိုနေတာက လွဲရင်ပေါ့...

''Doctor...အစားထိူးပေးမယ့် သူလာပါပြီ...''

''အင်း...''

နေရာမှ ဖယ်ပေးမို့ မတ်တပ်ထရပ်လိုက်စဥ်...
ရုတ်တရက်ဆိုသလို အနားသို့ရောက်နေသူကြောင့်
လန့်သွားကာ အမြန်ပဲ ရွေ့ပေးလိုက်မိသည်...

ဒါနဲ့.... ဒီလူက ဘယ်သူပါလိမ့်...
တခါမှလဲ မတွေ့ဖူး...အသစ်များလား....
ငါ့လူနာနဲ့ စိတ်ချရပါ့မလား....
အတွေးတွေကြောင့် Namjoon မထွက်သွားသေးပဲ
မတ်တပ်ရပ်ကာ ကြည့်နေမိသည်....

မှားသောရင်ခွင် 💔Where stories live. Discover now