မှားသောရင်ခွင် 💔

1.4K 103 3
                                    

မှားသော ရင်ခွင် (19) 💔

Jimin ကို လိုက်ပို့ ပြီး၍ အိမ်ပြန်နေစဥ်
​မေမေ  နေမကောင်းဘူးဆို၍
ဆက်သွယ်လာသောကြောင့် အိမ်သို့ မပြန်တော့ပဲ
မိုးမခ စံအိမ်သို့သာ မောင်းလာခဲ့လိုက်သည်...
သွေးက လိမ်၍ မရ....
မေမေ့အတွက်က ပြုစုပေးဖို့ရာ
Jeon ပဲရှိတော့တာလေ....

''မေမေ....နေမကောင်းဘူးဆို..''

''မေမေ့သားလေး ရောက်လာပြီလား...''

''ဟုတ် မေမေ.... သက်သာရဲ့လား...''

''မေမေ သက်သာပါတယ်..သားလေးကို လွမ်းလိုက်တာ..
မေမေ့ဆီ လာပါဦး...''

ငယ်ငယ်က အတိုင်း လက်တွေကို ဆန့်တန်းကာ
ပေး၍ သားကိုခေါ်တော့ မိခင်အလိုအတိုင်း
ရင်ခွင်ထဲ ဝင်လာသည့် သားကို
ဒေါ်ဒေစီ ပွေ့ဖက်ထားလိုက်သည်....

''သားက ငယ်ငယ်ကအတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး..
ဒီမျက်ဝန်းဝိုင်းဝိုင်းလေးတွေက အစ...''

မျက်လုံးဝိုင်းလေးတွေကို ဒေါ်ဒေစီက လက်ချောင်းဖြင့်
ခပ်ဖွဖွလေးထိရင်းဆိုသည်....

''ဒါပေမယ့် မေမေ့သားလေးက နည်းနည်းတော့
ပြောင်းလဲလာတယ်
ငယ်ငယ်ကထပ် အများကြီး ပိုချောလာတယ်...
ဟုတ်တယ် မဟုတ်လား...''

''နေမကောင်းဘူးဆို မေမေရယ်...
စကားတွေ အများကြီး မပြောပဲ နားပါဦး...
မောနေဦးမယ်...''

သားကို ပြုံးပြရင်း ဒေစီ ဘေးက လူယုံကို
အချက်ပြလိုက်သည်...

လူယုံက ဖုန်းထုတ်ကာ လူပ်ရှားလိုက်သည်နှင့်
Jeon ရဲ့ ဖုန်းထဲသို့ ဝင်လာခဲ့သော message တွေ....
ပုံတွေနဲ့ အတူ Hotel လိပ်စာပါ ရောက်လာသည်...

မောင့်ကမ္ဘာ လေးကို ဖျက်စီးကြပြီ.....

အဆတ်မပြတ် message သံတွေကြောင့်
Jeon ဖုန်းထုတ်ကာ
ကြည့်ရန်ပြင်လိုက်စဥ် မေမေက လက်တွေကို အုပ်မိုးကာ
ဆုပ်ကိုင်ရင် ပြောလာသည်က.....

''မေမေက သားကို အရမ်းချစ်တယ်နော် '' တဲ့

ဘာလို့ ရုတ်တရက်ထပြောလဲ မသိပေမယ့်
အရင်ကလဲ မေမေက ဒီလိုပဲ ပြောနေကြမို့
ထွေထွေထူးထူး မတွေးနေ.....
မေမေ့ကို ပြုံးပြကာ Jeon ဖုန်း message ကို စစ်လိုက်တော့...

မှားသောရင်ခွင် 💔Where stories live. Discover now