မှားသောရင်ခွင် 💔

1.8K 147 0
                                    

မှားသောရင်ခွင် 💔(6)

ဇတ်ဆရာ အလိုကျ ကပြခဲ့ရတဲ့
ကကြိုးလေးတွေ ရှိတယ်
ကံစေရာ သွားခဲ့ဖူးတဲ့
ဘဝတွေ ဟာ သိပ်အထီးကျန်ဖို့ကောင်းခဲ့တယ်... .

ခင်ဗျားတို့ ညငှက်လေးတွေရဲ့ ဘဝကို စာနာခဲ့ဖူးလား...
ငွေရဖို့ ဘဝကိုပုံပေး သူများအလိုကျ
အသုံးတော်ခံ ရတဲ့ ဘဝလေးတွေကိုလေ....

ရွံပဲရွံကြတာ မဟုတ်လား.....
ထင်ပါတယ် ခင်ဗျားတို့လဲ စာနာမိမှာ မဟုတ်ဘူးဆိုတာ..💔

................................။

''မောင်ရေ....ကျောင်း နောက်ကျတော့မယ်လို့...''

ထုံးစံအတိုင်း ခြေအိတ်တွေရွေးနေရင်းက
လှမ်းအော်ပြောလာတဲ့ ကလေးကို မောင်က ထမင်းဘူးတွေ
ပြင်ဆင်နေရင်းက ပြုံး၍ ကြည့်သည်.....

သူဖြင့် ခြေအိတ်တောင် မရွေးရသေး...
အကုန်အဆင်သင့်ဖြစ်နေတဲ့ မောင့်ကို အော်နေပြန်ပါပြီ...

''ကဲ Jeon jimin လေး....
မောင်က အကုန်ပြီးနေပြီ...ခင်ဗျားလေး ခြေအိတ်ရွေးတာ
အဲ့လောက်ကြာရလား....''

ချစ်စရာ ခေါင်းလုံးလုံးလေးကို
မောင်က အသာပဲ ပုတ်ကာပြောတော့
ကလေးက ပြန်ပြုံးပြသည်....

''မောင်က ​ခြေအိတ်တွေ အများကြီးဝယ်ပေးထားတော့
ရွေးရခက်တာပေါ့...မောင်ပဲ ရွေးပေးတော့...''

ထုံးစံအတိုင်း သူစဥ်းစားရကျပ်လာရင်
မောင့် သဘောဆိုပြီး ပုံချတတ်တာလေး...
မောင်ကလဲ ဒါလေးကို သေ​ေအာင်ချစ်သည်....

ငယ်ရွယ်သေးတဲ့ လူငယ်ဘဝမှာတောင်
သူတို့အချစ်တွေဟာ တခမ်းတနားနဲ့ သိပ်လေးနက်ခဲ့ကြတယ်..

မြတ်နိုးမူတွေ ပြည့်လျှံနေတဲ့ အချစ်မျက်ဝန်းတွေနဲ့
မောင်က ကြည့်တော့...
Jeon Jimin လေးက ခေါင်းလေးငုံ့၍
ရှက်သွားပြန်သည်....

သူရှက်ရင် နားရွက်ကလေးက အရင်စပြီးနီလာတာ
မျက်နှာလေးတခုလုံး နီရဲရဲ....
ပန်းသီးလေးနဲ့ တူတာကြောင့် မောင်က ပိုပိုချစ်ရတာအမော...

''သိပ်ချစ်တယ် Jimin...''

''ပိုချစ်တာပေါ့...''

''ဟင့်အင်း...မောင်က ပိုချစ်တာ....''

မှားသောရင်ခွင် 💔Where stories live. Discover now