မှားသောရင်ခွင် 💔

2.2K 158 0
                                    

မှားသောရင်ခွင် (3)💔


''ဟဲ့...ဘာတွေ ဖြစ်ကုန်ကြတာလဲ...Jungkook..ရော
ဘယ်မှာလဲ...''

မြင်မကောင်းလောက်အောင် သွေးသံရဲရဲနှင့်
အခန်းထဲမှာ လဲကျနေတဲ့ Jeon ကို မာန်က
ဆေးရုံပို့ပြီးသည်နှင့် Jeon မိဘတွေကိုရော
သူငယ်ချင်းတွေစီပါ ဖုန်းဆက်အကြောင်းကြားခဲ့သည်...

အရင်ဆုံးအူယားဖားယားနဲ့ ပြေးလာသူတွေကတော့
အထက်တန်းတုန်းက သိပ်ချစ်ခဲ့ကြတဲ့သူငယ်ချင်းတွေ...
Jeon မိဘတွေကတော့ ရောက်မလာကြသေးပါ..

''ခွဲစိတ်ခန်းထဲမှာ...အသက်လုနေရတယ်..''

စိတ်ပျက်လက်ပျက်နဲ့ မာန်က ပြောတော့
သူငယ်ချင်းအုပ်စုထဲမှာ တစ်ဦးတည်းသော
မိန်းကလေးသူငယ်ချင်းဖြစ်တဲ့ ဆွယ် က ငိုချတော့သည်....

''အီး..ဟီး...ရူးနေတာ အဲ့ကောင်...
မသေလိုက်ပါနဲ့လို့ ငါတို့ ဒီလောက်တားတဲ့ကြားထဲက...
အီးးး.....''

''ဟေ့ရောင်...မာန်...Jeon ရော.....''

နောက်ထပ်ရောက်လာသည်ကတော့
Tae နဲ့ Hoseok တို့....
Hoseok ဆိုလျင် အကျီပင် ကြယ်သီးတွေမှားကာ
မျက်နှာတစ်ခုလုံး နီရဲနေလေသည်....

''ခွဲစိတ်ခန်း..ထဲမှာ...''

''ဟဲ့ စွယ်...
နင်က ဘာလို့ငိုနေတာလဲ...Jeon က
သေမှ မသေသေးတာ...''

စိတ်တွေရူပ်ရတဲ့အထဲ
ဘေးမှ အော်ဟစ်ငိုယိုနေသော  စွယ့်ကိုကြည့်ကာ
Tae က ပိတ်အော်သည်....

''သေမှာစိုးလို့ပေါ့ဟဲ့...အသက်လုနေရတယ်လို့
မာန်ကပြောတာလေ..''

''မသေဘူး..မသေရဘူး...
ငါ့သူငယ်ချင်း ဘာမှ မဖြစ်ဘူး...ငိုမနေနဲ့..''

စိတ်ဆတ်သူပီပီ Tae က အော်ပြောတော့
စွယ်နဲ့ Hoseok တို့မှာ ခိုးပီး မျက်ရည်ကျနေရသည်...
မာန်ကတော့ အနေအေးသူပီပီ ငူငူကြီး...
Tae ဆိုသည်မှာလည်း တောက်တခေါက်ခေါက်နဲ့
ဂနာမငြိမ်နိုင်ပေ....

''သိပ်ချစ်ခဲ့ကြတာ...ဒါတွေကိုပဲကြည့်
သိပ်ချစ်ရဲ့သားနဲ့ဟာ...Jimin ကလဲ လုပ်ရက်တယ်ဟယ်..''

Ph ထဲမှာ ကျောင်းသားဘဝတုန်းက ရိုက်ထားတဲ့ ပုံလေးတွေကို
စွယ်ကကြည့်ရင်း..မတိုးသော မကျယ်သော
အသံလေးနဲ့ ပြောလာသည်....

မှားသောရင်ခွင် 💔Where stories live. Discover now