မှားသောရင်ခွင် 💔

1.3K 92 0
                                    

မှားသောရင်ခွင် (22) 💔

''Jeon မင်းနဲ့ Jimin ဘာတွေဖြစ်နေကြတာလဲ...
ကျောင်းလဲ မလာကြဘူး... ဆရာမက မေးနေပြီ..
ဘာလဲ ပြသာနာတတ်ထားကြတာလား...''

''အေးလေကွာ...Jimin ကလဲ လုံးဝပျောက်နေတယ်...
ဖုန်းလဲဆက်လို့မရဘူး...ဘာတွေ ဖြစ်နေကြတာလဲ..''

မွန်းကြပ်နေတဲ့စိတ်တွေ ဖြေဖျောက်နိုင်တဲ့ အကောင်းဆုံး
နေရာ က အကို Yoongi ရဲ့ ဆိုင်ပဲရှိတာမို့
သူငယ်ချင်းတွေကို ချိန်းကာ ဆိုင်ထိုင်ခဲ့ကြသည်....

အဖြစ်အပျက်တွေကို သေချာစွာ မသိသေးသူ
သူငယ်ချင်းတွေကတော့
တယောက်တပေါက်နဲ့ မေးကြသည်ပေါ့....
ပြန်ဖြေစရာ အဖြေတွေလဲ မရှိခဲ့ပါဘူး
အရက်ကိုသာ ဖိသောက်နေမိသည်....

''ဟေ့ရောင်...ဖြေဦးလေကွာ..အရက်ပဲသောက်မနေနဲ့...
Tae..တားဦး...''

အုပ်စုထဲမှာ Tae နဲ့ Jeon တို့က ငယ်ငယ်လေးထဲက
ပေါင်းလာခဲ့သူတွေ ဖြစ်ကြပြီး ကျန်တဲ့သူတွေက
ကျောင်းရောက်မှသာသိကြသည်မို့
တခုခုဆို မာန် နဲ့ Hoseok တို့က
Tae ကိုစစ်ကူခေါ်ကြသည်....
Tae စကားဆို Jeon က အနည်းငယ်တော့
နားထောင်သည်လေ.....

အဖြစ်အပျက်တွေကို သိထားသူ စွယ်ကတော့
ဘာမှဝင်မပြော...ဆိတ်ဆိတ်သာ နေလေသည်.....
ဘယ်သူမှတော့ စွယ့်ကို သံသယ မဝင်ခဲ့ကြပါ...

''ငါ Jimin နဲ့ လမ်းခွဲလိုက်ပြီ ..''

''ဟမ်....! ဘယ်လို...''

အာမေဋိတ် သံများ စီညံကာသွားသည်....

''ဟုတ်တယ်...ငါတို့ ပြတ်သွားကြပြီ...''

''ဘာ...ဘာ..ဖြစ်ကြတာလဲ..''

တအံ့တသြပါပဲ အကုန်လုံးက....
စားစရာ လာချပေးသည့် Yoongi ပင်
စားပွဲပေါ် ချခါနီး ပန်းကန်ကို ကြောင်အအနှင့်ကိုင်ကာ
မတ်တပ်ရပ်နေမိသည်....

သူတို့အတွဲလေးက သိပ်ချစ်ကြတာလေ....
ဘယ်တော့မှ မပြတ်ဘူးလို့ အကုန်လုံးက
ထစ်ထစ်ချတွေးခဲ့ကြတာ ဒါပေမယ့် တွေးခဲ့ကြတာနဲ့
ဆန်ကျင်ဘက်ဖြစ်တဲ့ စကားကို
ကံယကံရှင်က ဖွင့်ဟလာတော့
အကုန်လုံး အာမေဋိတ်သံတွေထွက်လာကြသည်....

စိတ်ဆိုးစိတ်ကောက်တာလေးတောင် မရှိစေချင်တဲ့
သူတို့အတွဲလေးအတွက် ပြတ်သွားကြပြီ ဆိုတဲ့
စကားဟာ သူငယ်ချင်းတွေကို တအံ့တသြကြီး
ဖြစ်သွားစေပါသည်....

မှားသောရင်ခွင် 💔Where stories live. Discover now