မှားသောရင်ခွင် 💔

1.4K 106 0
                                    

မှားသော ရင်ခွင် 💔(13)

''သားကို ငါ့ဘဝထဲက ဆွဲထုတ်သွားတဲ့ကောင်!!!!''

မိုးမခ အိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ
ဒေါ်ဒေစီ ရဲ့ အသံဟာ ဟိန်းခနဲ
ပေါ်ထွက်လာသည်......
သားစိတ်နဲ့ ရူးတယ်ပြောလဲ ပြောကြပါစေ...

ဖတဆိုးလေးမို့ အချစ်တွေ အကုန်ပုံပေးခဲ့တာ...
ဖခင်မရှိတဲ့ ဘဝမှာ သားလေးတယောက်ထဲ
မျက်နှာ ငယ်မှာ စိုးလို့ အဖေလိုရော အမေလိုပါ
ချစ်ပေး ပြုစု ယုယပေးပြီး
စောင့်ရှောက်ခဲ့တာ....

ရင်ခွင် ပိုက်အရွယ် ကတည်းက
သားမျက်နှာပဲ ကြည့်လာခဲ့ပြီး အရွယ်ကောင်းတခုမှာ
နောက်အိမ်ထောင်ပြုလို့ ရပါလျက်နဲ့
သားမျက်နှာ ငယ်ရမှာ စိုးလို့ အကုန်လုံးကို
မျက်နှာလွှဲခဲ့တဲ့ ဒီအမေ....

အရွယ်ရောက်လာလို့ သားမှာ ချစ်သူရှိတာ
မပြောသာပေမယ့် သားချစ်သူဟာ
ယောကျ်ားလေးတယောက်တဲ့....
ဘာပိုင်ဆိုင်မူမှ မရှိတဲ့ အညတရ တယောက်တဲ့....

ဘယ်မလဲ ဒီအမေ သိပ်လိုချင်နေခဲ့တဲ့
သားလေးရဲ့ မျိုးဆက် ....?
ဘယ်မတဲ့လဲ....

သားဆိုးလေးကတော့ ဒီအမေ့စေတနာကို နားမလည်...
ဒီကောင်လေးမှ ဒီကောင်လေးပဲမို့ ဒေါ်ဒေစီ
အကြံများစွာ ထုတ်ရတော့မည်....

''Park jimin ရဲ့ အဖေ ဘယ်ဆေးရုံမှာ ရှိနေတာလဲ
စုံစမ်းစမ်းး''

''(.....)မှာပါ သခင်မကြီး...''

''သွားသတ်လာခဲ့...''

''ခင်ဗျာ..''

''နားလေးနေလားးးးဟမ်!!!
သွားသတ်လာခဲ့လို့ ငါပြောနေတယ်လေ...''

''ဟုတ်...ဟုတ်ကဲ့... ''

သားအတွက် ဘာမဆိုလုပ်မယ့် အမေ....
လုပ်ရပ်တွေဟာ မှားနေပေမယ့် သူ့ခေါင်းထဲမှာ
သူ့သားလေး အတွက်ပဲ ရှိနေခဲ့တယ်....

ဒါတွေဟာ ေမာင်ပြန်သိတဲ့အခါ
ရင်နဲ့အမျှ ရူးရမယ့် နောက်ကြောင်းတွေပဲဆိုတာ
မသိခဲ့လေသရော့လား.....၊

...................................။

''သက်သာလား ကလေး... ''

''ဟုတ် ကျနော် သက်သာပါတယ်...''

ဦးရဲထွဋ်ခေါင် ရဲ့ လိုအပ်တာထပ် ပိုနေတဲ့
အပြုအမူတွေဟာ Jimin လေးအတွက်
သိပ်ကို နေရခက်စေခဲ့တယ်....

မှားသောရင်ခွင် 💔Where stories live. Discover now