မှားသောရင်ခွင် 💔

1.4K 102 1
                                    

မှားသောရင်ခွင် 💔(14)

''မောင်...ဘယ်လို လုပ်လိုက်တာလဲ...လွှတ်ပေး...''

''မလွှတ်ပေးဘူး... Jeon jimin
အဲ့ လူက ဘယ်သူလဲ ဘယ်လိုပတ်သတ်နေလဲ...
ငါ အဲ့ကောင်ကို ကြည့်တာ မရိုးသားနေဘူးနော်...''

''အဲ့ကောင်လို့မပြောနဲ့ မောင်...ဦးကြောင့်သာ မဟုတ်ရင်
ဂွန်းလေး ရော အမေ နဲ့ ငါပါ ဒုက္ခများနေရပြီ..''

'ကာကွယ်ပေးရလောက်တဲ့ အထိ
မင်းက အဲ့လူနဲ့ အဲ့လောက်တောင် ရင်းနှီးနေတယ်ပေါ့...''

''မောင်...ဘာဖြစ်နေတာလဲ..ကွာ...
ငါ အရမ်းပင်ပန်းနေလို့ ကျေးဇူးပြုပြီး..နားခွင့်လေးပေးပါ...
ငါ တောင်းပန်တယ်...''

''မတောင်းပန်နဲ့ မောင် မေးတာဖြေ...
အဲ့ကောင်ရဲ့ အကြည့်တွေ အပြောတွေ မင်းမမြင်ဘူးလား
တစက်ကလေးမှ မရိုးသားဘူး Jimin...
မင်းအမေနဲ့ မာန် တို့က ဘယ်ရောက်သွားကြလဲ
ဘာလို့ အခန်းထဲမှာ နှစ်ယောက်ထဲလဲ..ဘာလို့ လဲ ဖြေ.... !!!''

သံသယစိတ်တွေနဲ့မောင်ဟာ Jimin နေမကောင်းနေမှန်းတောင်
သတိထားမိပုံ မရတော့....
ပုခုံးမှ ကိုင်လူပ်ကာ အတင်းမေးသည်....

''မောင်....ငါ နာ တယ် ...!''

''ဖြေ.... !!! ဖြေစမ်းးးးးး
အဲ့ကောင်နဲ့ မင်းနောက်တခါ ထပ်တွေ့ဖို့ မစဥ်းစားနဲ့တော့
ငါနဲ့ အိမ်ပြန်လိုက်ခဲ့...လာခဲ့..''

ဒဏ်ရာ အရှိန်တွေက ဝမ်းနည်းလာတဲ့အခါ
ပိုတတ်လာတယ် ထင်ရဲ့....
မောင့်ရဲ့ အကြမ်းပတမ်း ကိုင်တွယ်မူတွေအောက်မှာ
Jeon jimin မတ်တပ်ပင် မရပ်နိုင်တော့...
ဆေးရုံကြမ်းပြင်ပေါ်သို့ ပုံလျက်သားလေးကျသွားခဲ့သည်..

''Ji..jimin...
sorry...sorry ကလေးရယ်..မောင်....
မောင် စိတ်လွတ်သွားလို့ပါ...''

ပြန်ဖြေဖို့ အားပင် မရှိတော့ပဲ
ခန္ဓာကိုယ် လေး လဲကျသွားတာ မြင်မှ
မောင် အသိစိတ်ပြန်ဝင်လာခဲ့သည်....
လွန်သွားပြန်ပြီ....
နေမကောင်းတာ သိရက်နဲ့....

''မောင်..တောင်းပန်ပါတယ် ကလေးရယ်...
မောင်...စိတ်လောသွားလို့ပါ...''

''......''

''မောင့်ကို တခုခု ပြောပါဦး...စိတ်ဆိုးသွားပြီလားဟင်...
မောင်လေ...မေမေနဲ့ ရန်ဖြစ်ခဲ့တာ...ကလေးကို မထိဖို့ပြောရင်း
မောင် မေမေနဲ့ ရန်ဖြစ်လာခဲ့တာ...ဒီရောက်ရောက်ချင်း
မင်းကို အဲ့လူနဲ့ တွဲ ပြီးတွေ့လိုက်ရတော့ မောင့် စိတ်တွေ
မထိန်းနိုင်ခဲ့ဘူး...မောင်သွက်သွက်ခါအောင်ကို
ရူးချင်သွားးတာ...''

မှားသောရင်ခွင် 💔Where stories live. Discover now