မှားသောရင်ခွင် 💔

1.7K 119 7
                                    

မှားသောရင်ခွင် 💔 (27)

ယူကြုံးမရခြင်းများစွာနဲ့....မောင်ဆိုတဲ့ လူသား....
ကိုယ့်ကိုကိုယ် ခွင့်မလွှတ်နိုင်ခဲ့ဘူး...
မိုက်လိုက်တာ...တစ်ကိုယ်ကောင်းဆန်လိုက်တာများ...
အကြိမ်ကြိမ် မသွားပါနဲ့ လို့ တားတဲ့ကြားက
ရအောင်ထွက်သွားခဲ့ဖူးတယ်....

မဝံမရဲ ဆွဲထားခဲ့ဖူးတဲ့
လက်ကလေးတွေကို အကြိမ်ကြိမ် ပယ်ချခဲ့ဖူးတယ်...

မျက်လုံးလေးတွေနဲ့ အသနားခံ အနားမှာနေပေးဖို့
တောင်းဆိုပေမယ့် လစ်လျူရူပြီး နေခဲ့ဖူးတယ်....
သူခံစားနေရတာတွေမသိပဲ....
ကိုယ့်ခံစားချက်တွေကိုသာတွေးပြီး
သူ့အပေါ်ရက်စက်ခဲ့ဖူးတယ်...
မငြိုငြင်ခဲ့ဘူး....မလျော့သော အချစ်တွေသာ
သူပိုတိုးလို့ချစ်ပေးခဲ့တယ်....
ငါအနိုင်ရခဲ့စမြဲ....

သူသိပ်ချစ်ရတဲ့ မိသားစုလေးပြိုကွဲရတာ
ငါ့ကြောင့်တဲ့...မယုံကြည်နိုင်ခဲ့ဘူး....
ရူးမတပ်ပဲ....
သိပ်မှန်တယ်လို့ထင်ပြီး အတ္တကြီးခဲ့မိတဲ့နေ့တွေအတွက်
ပြန်ခံစားရတာတွေဟာ ရင်နဲ့တောင်မဆံ့.....
လုပ်ကြံဇာတ်ကြီး တခုကိုယုံကြည်ပြီး
ရက်စက်ခဲ့တာ....ဆိုးသွမ်းခဲ့တာ....
လစ်လျူရူခဲ့မိတာ....
မောင်..... ဘယ်လို ဖြေသိမ့်ရမလဲ Jeon jimin ရေ.....

အသဲနစ်အောင်ချစ်ရသူမို့ အဖြစ်မှန်တွေပေါ်လာတဲ့အခါ
မောင် ရူးမတပ်ပဲ....

သိမ်ငယ်ခဲ့ရတဲ့ မျက်လုံးလေးတွေကို ပြန်မြင်ယောင်မိတိုင်း
မောင့်ရင်တွေကွဲသည်....

ခန္ဓာကိုယ် လေးကို ပွေ့ဖက်ထားချင်ပေမယ့်
မောင်ကြောက်နေတယ်....
လက်ကလေးတွေကို ဆုပ်ကိုင်ထားချင်ပေမယ့်
မောင် မရဲဘူး.....

မောင့်မှာ အပြစ်တွေအများကြီးနဲ့
မင်းလိုဖြူစင်သူလေးက မတန်ခဲ့ဘူး....၊

အတာ့ ဆီက ဇာတ်ကြောင်းကြီးတစ်ခုလုံးကို
ပြန်သိရတော့ မောင်ရူးတာပေါ့....
စုတ်ပြတ်သတ်နေတဲ့ လက်တွေနဲ့ ကိုယ့်ပါးကို ပြန်ရိုက်မိတာ
ဘယ်နှခါမှန်းတောင် မသိတော့ဘူး.....
သောက်ရူးလိုပဲ....

မောင်ဟာ သေသင့်ခဲ့တဲ့သူ....
အရာအားလုံးရဲ့ အပြစ်တွေ ဒဏ်ရာတွေကို ခံယူသင့်သောသူ....

မှားသောရင်ခွင် 💔Where stories live. Discover now