မှားသော ရင်ခွင်

1.8K 114 3
                                    

မှားသောရင်ခွင် 💔 (33)

နေကြာပန်းလေးတွေဟာ သူတို့ရဲ့ အရှင်သခင်ဖြစ်တဲ့
နေမင်းကြီးရဲ့ အလင်းရောင် လိုအပ်သတဲ့....
သူတို့ ချစ်ခင်မြတ်နိုး ရတဲ့ နေမင်းရဲ့ အလင်းရောင်ကို
ကောင်းစွာမရပဲ လောင်းရိပ် အောက်မှာ ရှင်သန်ရတယ်ဆိုရင်
နေကြာပန်းလေးတွေဟာ
ကောင်းစွာ မပွင့်လန်းနိုင်ဘူးတဲ့ကွယ်....

ရင်နာစရာ ဖြစ်ရပ်မှန်လေးပေါ့....💔

.........................................................၊

''သခင်မကြီး...ဦးရဲထွဋ်ခေါင် တို့ကား အနောက်ကနေ
တပ်ကြပ်မကွာ ပါလာနေပါတယ်...''

''ဘာ!!!...သူက ဘယ်လို... ဖြစ်ပြီး ပါလာရပြန်တာလဲ...''

''သခင်လေးရဲ့ သူငယ်ချင်းတွေ သတင်းပေးလိုက်တဲ့
ပုံပါပဲ...''

''တောက်....!!! အဲ့ဟာလေးတွေကိုပါ
အ​သေသတ်ပစ်ခဲ့ရမှာ...''

ကားမှန်တံခါးကို ဒေါ်ဒေစီက လက်ဖြင့် ခပ်ပြင်းပြင်းထု၍
အခဲမကြေစွာ ပြောလာခဲ့သည်....
မျက်လုံးထဲ သားကလွဲ ပြီးဘာမှ မမြင်
ဘာမှလဲမသိ....
သားကိုချစ်တဲ့ စိတ်နဲ့ ယနေ့ထက်ထိ
အသက်ရှင်ခဲ့သူ ဖြစ်တာကြောင့် သားအပေါ်
ထားသော မျှော်လင့်ချက် တွေ....ရည်မှန်းချက်တွေကို
အကောင်အထည်မဖော်ရသေးပဲ
အညတရလေးရဲ့ လက်ထဲဒီအတိုင်း ထည့်မပေးလိုက်နိုင်ခဲ့...

ဘယ်လောက်ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရတာလဲ....
ဘယ်လောက်ခက်ခက်ခဲခဲ သားကို လူတန်းစေ့နေနိုင်ဖို့
ကြိုးစားခဲ့ရတာလဲ.. .
အဖေမရှိတော့သော သားလေးကို
အဖေ့အချစ်ရော အမေ့အချစ်ပါ ပုံပေးပြီး
ချစ်ခဲ့ရတာ.... ပြုစုပျိုးထာင်ခဲ့ရတာ....

ဒီအတိုင်း မျက်နှာလွှဲ မပစ်လိုက်နိုင်ဘူး....
သားကောင်းစားဖို့ မေ့မေ့ လုပ်ရပ်တွေ ပြင်းထန်ရလိမ့်မယ်....
ခနပါပဲ....တချိန်ရောက်ရင် မေ့သားလေးက
မေမေ့ကိုနားလည် လာမှာပါ....

''ကားကို လမ်းလွဲဲပြီး မောင်းလိုက်ရင် ရပါတယ်
သခင်မကြီး ကျနော်တို့ကားတွေအနောက်မှာကျန်သေးတယ်....
အနောက်ကားကို အိမ်ထဲဝင်ခိုင်းလိုက်ပီး
ကျနော်တို့ လမ်းလွှဲမောင်းရင် အဆင်ပြေနိုင်မှာပါ...''

မှားသောရင်ခွင် 💔Where stories live. Discover now