မှားသောရင်ခွင် 💔

1.2K 89 1
                                    

မှားသောရင်ခွင် 💔 (20)

တဖတ်သတ်ချစ်ရတဲ့ ချစ်ခြင်းမေတ္တာ တွေမှာ
ကိုယ့်ဘက်က ဘယ်လောက်ပဲပေးဆပ်ရပါစေ
ရယူသူက လိုချင်ဦးမှ....
မဟုတ်ရင် အချည်းနည်းပဲ..... 💔

.............................................................................................

''ကားနောက်က ပြေးလိုက်လာနေပါတယ် သခင်လေး...''

''ဆက်မောင်း...ဂရုစိုက်စရာမလိုဘူး...''

''ဟုတ်ကဲ့..''

စိတ်နာတယ်....နာတာထပ်ကိုပိုတယ်...တကယ်....
ပြောစရာစကားတွေတောင် ပျောက်တယ်
လမ်းတွေပျောက်တယ် ကမ္ဘာ တွေပြိုတယ်...
အနာဂတ်တွေ ပျက်စီးကုန်တယ်
အကုန်အကျိုးအကြေပဲ....
စိတ်တွေလဲ အောက်ဆုံးထိ ကို ထိုးကျတာ....

သူနဲ့အတူဆိုပြီးတွေးထားတဲ့ ရည်မှန်းချက်တွေလဲ
မြောင်းထဲမှာ ပေလို့ရေလို့....
လုပ်ရက်လိုက်လေခြင်းလို့တောင် မဆိုနိုင်တော့ဘူး....

ချစ်ပေးခဲ့တာတွေမှ မထောက်....
ငါ့မေတ္တာတွေ ကိုမှ မထောက်...
ယုံကြည်မူတွေကို အသုံးချပြီးဖောက်ပြန်နိုင်တယ်...
ပြုသူက ဘာမှမဟူတ်ပေမယ့် ခံလိုက်ရသူက
တဘဝလုံး သွားတာပဲ....အနာဂတ်မဲ့တာပဲ....

''မေမေ့စကားကို ငါအစထဲက နားထောင်ခဲ့သင့်တာ...''

ယူကြုံးမရခြင်းတွေ ပွေ့ပိုက်ကာ မောင်က ဆိုသည်....

''သခင်မကြီးအိမ်ကို သွားမှာလား သခင်လေး.....''

''မသွားဘူး ငါအိမ်ကို ပြန်မယ်...''

''ဟုတ်ကဲ့ပါ သခင်လေး...''

အနောက်မှာ ကျန်ခဲ့တဲ့သူ ဘာတွေဖြစ်နေခဲ့လဲ
မောင်မသိချင်တော့...
ပြေးလိုက်နေရင်း က တနေရာမှာ လဲပြိုကျခဲ့တာတော့
နောက်ဆုံးအနေနဲ့ မောင် ကားမှန်မှ တဆင့်တွေ့လိုက်ရသည်...

မေမေ့အိမ်လဲ မပြန်ချင်တာမို့ မောင် အိမ်ကိုသာပြန်ဖို့
ပြင်လိုက်သည်....
အခုချိန်မှာ ဘယ်သူ့ဘယ်သူနဲ့မှ မတွေ့ချင်ဘူး...
မောင်တယောက်တည်းပဲနေချင်တယ်....
အရက်တွေမူးအောင်သောက်ပြီး အော်ငိုလိုက်မယ်...
ပြီးရင် အကုန်လုံးကို မောင့်ရင်ထဲက
ထုတ်ပစ်မယ်....စိတ်တွေနာလို့ ဒီလောက်နဲ့ပဲ
အဆုံးသတ်ပါရစေတော့......

မှားသောရင်ခွင် 💔Where stories live. Discover now