မှားသောရင်ခွင် 💔

1.7K 131 8
                                    

မှားသောရင်ခွင် (26) 💔


''သခင်လေး....သခင်လေး !!!''

အလန့်တကြားနဲ့ အခန်းထဲသို့ပြေးဝင်လာသော
အတာ ဆိုတဲ့ ကောင်မလေးကို မောင် မျက်မှောင်ကျုတ်ကာ
ကြည့်လိုက်သည်....
အူးယားဖားယား အလောတကြီးနဲ့
ဘာတွေအရေးကြီးလာမှန်းမသိ...
မျက်ရည်တွေ ချွေးတွေနဲ့ တကယ်အရေးကြီးလာသည့်ပုံ...

''ဘာလဲ...ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့''

''အကိုလေး...အကိုလေး Jimin ကို ကယ်ပါဦး...
သခင်လေး...ရယ်...''

ဒူးထောက်ထိုင်ချကာ ငိုသံကြီးနဲ့
ပြောလာတော့ မောင်ထိတ်ခနဲ...
Jimin ဆိုတဲ့ အသံကြားကြားချင်းပဲ
ဖတ်လက်စ စာအုပ်ကို စားပွဲပေါ်သို့ ပစ်၍ တင်ကာ
အတာ့ ကိုစူးစိုက်ကြည့်၍....

''Jimin ဘာဖြစ်လို့လဲ..''

''ဟို..ဟိုလေ....''

''ဘာဖြစ်တာလဲလို့ ငါမေးနေတယ်လေ...!!!''

ထစ်ထစ်အအနဲ့သူကို အော်ချလိုက်မှ
အသိစိတ်ဝင်လာသည်ထင်....
အသက်ကို ပုံမှန်ရူကာ
ဖြေးဖြေးချင်းစီ ပြောလာခဲ့သည်...

''သခင်မကြီးနဲ့ မမလေးရိုစီတို့က...အကိုလေး Jimin ကို
သူတို့ရဲ့ စိန်လက်စွပ်ယူထားတယ်ဆိုပြီး စွပ်စွဲနေပါတယ်
ဟို..အဲ့ဒါက အကိုလေး Jimin က မယူထားဘူးလို့
ပြန်ပြောတော့ သူတို့ကို လိမ်ရလား...ဆို...ပြီး...
ကြာ..ကြာပွတ်...နဲ့....''

အတာ ဆက်မပြောရဲတော့....
သခင်လေး Jungkook ရဲ့ မျက်လုံးတွေဟာ
အကိုလေး အရိုက်ခံရတယ်ကြားကြားချင်း
မီးထတောက်မတပ်...ဖြစ်နေပြီ
အံကြိတ်သံ ခံပြင်းပြင်းဟာလဲ အတာ့ ကို
ပို၍ ကြောက်လန့်စေပါသည်.....

ဘယ်လိုပဲ ဖြစ်ဖြစ် အကိုလေးကို
ကယ်ပေးနိုင်တာ သခင်လေးပဲရှိတယ်ဆိုတဲ့ အသိနဲ့
ပြေးလာခဲ့တာပဲ....
ကျန်တာတွေ အတာ မတွေးနိုင်တော့ပါ....

''ဘယ်မှာလဲ...''

''ရှင်...''

''Jeon jimin ဘယ်မှာလဲလို့ ငါမေးနေတယ်..... !!!''

''မြေအောက်ခန်းထဲ...မှာ...ပါ...''

အပြေးတပိုင်း ဒေါသခြေလှမ်းတွေနဲ့
လှမ်းသွားခဲ့တဲ့ သခင်လေးနောက်ကို အတာ
ပြေးလိုက်ခဲ့သည်...

မှားသောရင်ခွင် 💔Where stories live. Discover now