[Zawgyi]
ရပ်ကွက်အတွင်းသို့ အနက်ရောင် ကားတစ်စီးက ဝင်ရောက်လာလေသည်။
"မင်းအိမ်က ဘယ်မှာလဲ"
"ဟို ရှေ့က ခြံတံခါး အနီရောင်"
အနောက်ကကောင်လေး ပြောသည့် အိမ်ရှေ့ရပ်ပေးလိုက်တော့ ကောင်လေးက ကားတံခါးဖွင့်ကာ ထော့နဲ့ထော့နဲ့ ဖြင့် ဆင်းသွားသည်။
"အိမ်လိုက်ပို့ပေးတဲ့သူကို ကျေးဇူးတင်စကား မပြောတော့ဘူးလား"
ကားမှန်ချရင်း မေးလိုက်တော့မှ အိမ်ထဲသို့ လှမ်းနေသော ခြေလှမ်းများ ရပ်တန့်သွားပြီး လှည့်ကြည့်လာလေသည်။
"ကျေးဇူး"
တခွန်းထဲ ပြောကာ ချာကနဲ ပြန်လှည့်ရင်း အိမ်ထဲသို့ ဝင်သွားတော့သည်။
"ဟင်း....အခုခေတ် လူငယ်တွေလဲ တော်တော်ရိုင်းလာကြတာပဲ"
~~~~~~~~~~
"မင်းဟာက သေရောသေချာလို့လားဟ ဒီဆိုင်ဆိုတာ"
"အရမ်းသေချာတာပေါ့။ ငါ အမကိုသေချာမေးထားတာ။ သောကြာနေ့တိုင်း အဲ့ဘဲက ဒီကော်ဖီဆိုင်မှာ အမြဲထိုင်တတ်တယ်တဲ့"
"အခု ထိ လာမှမလာသေးတာ စောင့်နေတာကြာပြီကို။ ပြန်ရအောင်လေ။ ငါ ခြေထောက်လဲ နာနေသေးတော့"
"ဟိတ်ကောင် မင်းအပိုမလုပ်နဲ့။ ခြေထောက်နာတာ အကြောင်းပြပြီး လစ်ပြေးဖို့ မကြံနဲ့"
ဇေယျာတိုးလဲ မျက်လုံးလေး ကလယ်ကလယ်လုပ်ကာ မျက်စိရှေ့က အအေးခွက်ကိုပဲ ယူသောက်လိုက်သည်။
ဘယ်လိုမှကို လစ်ထွက်လို့ မရပါလားဟ။
"စိတ်ရှည်စမ်းပါ ဇေယျတုရာ။ လာတော့မှာပါ"
"လာရင် ငါတို့ပြောထားတဲ့အတိုင်း လုပ်နော်"
"ဘယ် ဘယ်လိုလဲ"
"မနေ့ထဲက ပြောထားတာလေ။ သူကားရပ်တာနဲ့ ကော်ဖီတခွက်မှာ။ ပြီးရင် သူလာတာနဲ့ တိုက်ချပြီး ကော်ဖီ တွေ ရင်ဘတ်ပေါ် မှောက်ချလိုက်လို့"
"ကောင်း ကောင်းပါ့မလားဟ"
"ဒီကောင်က တော်တော်ဒုံးဝေးတာပဲ။ မင်းကိုရီးယားကားတွေ မကြည့်ဖူးဘူးလား။ မင်းသားနဲ့ မင်းသမီး က အဲ့လိုကော်ဖီမှောက်ကျရင်း တွေ့ကြတာလေ။ အဲ့မှာမင်းသမီးကအားနာပြီး အကျီလျှော်ပေးမယ်။ အကျီလျှော်ပေးပြီးရင် ပြန်ပေးဖို့အတွက် ဆက်သွယ်ဖို့တောင်း အဲ့မှာ ဇာတ်လမ်းစတာလေ"
![](https://img.wattpad.com/cover/343906951-288-k944444.jpg)
YOU ARE READING
နှလုံးသားအရင်းအနှီး [Complete]