အပိုင်း ၁ဝ

14.6K 778 7
                                    

[Zawgyi]

ပိုက်ဆံ ရှင်းချိန်ရောက်တော့ သုံးယောက်သား အညီအမျှ ရှင်းဖို့ Calculator ကြီးထုတ်ကာ တွက်ကြသည်။

စီးပွားရေးတက္ကသိုလ် ကျောင်းသားသုံးယောက်မှာ ပိုက်ဆံသုံးသောင်းကျော်ကိုပင် ရေချိန်ကိုက်ပြီး မတွက်နိုင်ကြတော့ပါ။

"အဲ့ဒီတော့ တစ်ယောက်ကို တသိန်းနှစ်သောင်းခွဲ ကျမယ်ကွာ"

"လဒနွားရယ် ကျတာမှ သုံးသောင်းကျော်ထဲကို မင်းအမေလင်ကြီးမို့ တယောက်ကို တသိန်းကျော် ပေးရမှာလား"

"အေး ခနလေး။ သုညရေလိုက်အုံးမယ်။ ခုဆယ်ရာ ထောင်သောင်း အေး တစ်သောင်း"

"ဒီအတိုင်း ငွေရှင်းရမှာ ပျင်းစရာကြီးကွာ။ တခုခုပျော်စရာလေး လုပ်ရအောင်"

ပိုက်ဆံရှင်းဖို့ ထိုင်နေရင်း စဖောက်လာသော ဖြိုးပိုင်အောင်။ မင်းဇော်က အာလေးလျှာလေးနှင့် ထမေးသည်။

"ဘယ်လို ပျော်စရာလဲ လုပ်မယ် လုပ်မယ်"

"ဒီလိုကွာ ဇေယျတုက သူ့ဘဲကြီးကို သူ့ဆီလာအောင်ခေါ်နိုင်ရင် ငါတို့ သူ့အစားစိုက်ရှင်းပေးလိုက်မယ်လေ"

ထိုအခါမှ အရက်ရှိန်နှင့် မျက်လုံးတဝက်ချိုးကာ ငိုက်နေသော ဇေယျာတိုးက ခေါင်းထောင်လာလေသည်။

"ဘယ်လို ဘယ်လို ငါပိုက်ဆံမပေးရတော့ဘူးလား"

"အေး။ ဒါပေမယ့် မင်းဘဲကြီးကို ဒီကိုရောက်အောင် ခေါ်ရမယ်"

"အင်.....ဘာလို့လဲ"

"ဒီအတိုင်းပဲ ပျင်းလို့"

"ထားလိုက်ပါကွာ။ ဇေယျတုကို သူ့ဘဲကြီးက ပစ်သွားပြီ။ ဟိုနေ့ကအငြင်းခံလိုက်ရတာပဲ ကြည့်ပါလား။ ဒီကောင်ခေါ်နိုင်မှာ မဟုတ်ပါဘူး"

"ဟမ့်...သားလေးတို့က မင်းအဖေ ငါ့ကိုအထင်သေးတာလား"

"အထင်သေးတာမဟုတ်ဘူး။ အထင်ကိုမကြီးတာ ဟားဟား"

"အေးပါ... မင်းတို့ကြည့်နေလိုက်။ အဲ့ဘဲကြီးကို ငါ့ဆီရောက်လာအောင် ခေါ်ပြမယ် ကြည့်လိုက် ဟွန်း..."

ဟိတ်ကြီးဟန်ကြီးပြောကာ ဖုန်းကို ထုတ်လိုက်သော်လဲ သူ့မှာ အောင်စေပိုင်၏ ဖုန်းနံပါတ် မရှိပါ။ ဒါကို ဟိုနှစ်ကောင်သားက ရိပ်မိသည် ထင်သည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now