[Zawgyi]
ကား Aircon ကို အနိမ့်ဆုံးထားကာ ဖြေးဖြေးမောင်းလာမိသည်။
ဘေးခုံက ဆံနီကောင်လေးက ကားပေါ်ရောက်ပြီး သိပ်မကြာခင် ခုံကိုမှီကာ အိပ်ပျော်သွားလေတော့သည်။
ရန်ကုန်မြို့တွင်းက ကားလမ်းကြောင်းရှုပ်သည်မို့ ဂရုတစိုက်မောင်းရင်း ကောင်လေးနေထိုင်ရာ အိမ်ရှေ့သို့ပင်ရောက်လာခဲ့သည်။
ဘေးခုံက ကောင်လေးကတော့ ယခုထိ အိပ်မောကျလျှက်ပင်။
"ဟိတ် ဇေယျာတိုး ဟိတ်ကောင်လေး"
ခေါ်လိုက်သော်လဲ နိုးမလာသေး။
ပါးဖောင်းဖောင်းနှင့် ဟောက်သံသဲ့သဲ့လေးပင် ထွက်နေအောင် အိပ်ပျော်နေသော ဆံနီ ကောင်လေးမှာ တမျိုးလေးတော့ ချစ်စရာကောင်းလေသည်။
"ဟိတ် ဇေယျာတိုး"
အသာပုခုံးကို ကိုင်ကာ လှုပ်နှိုးလိုက်တော့ ဝတ်ထားသော အကျီကိုကျော်ဖြတ်ကာ လက်ဖဝါးကို လက်ထိသော ကိုယ်အပူငွေ့တချို့။
"ဗျာ...အင်..အင်း..."
"ထတော့ အိမ်ရောက်ပြီ"
"အာ ဟုတ်ကဲ့။ တောင်းပန်ပါတယ် ကျွန်တော် အိပ်ပျော်သွားလို့"
"အင်း ရတယ်။ ဖျားနေပြီ ထင်တယ် ဆေးခန်းလိုက်ပို့ပေးရမလား"
မေးလိုက်တော့ ကောင်လေးက ပြူးကြောင်ကြောင်လုပ်ကာ သူ့နဖူးသူလက်နဲ့စမ်းနေလေသည်။
"သိပ်မပူပါဘူး ရပါတယ်။ညမှ ဆေးသောက်လိုက်မယ်"
"အင်း သဘော။ ညကျဆေးသေချာသောက်"
"ဟုတ်ကဲ့"
"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်"
"အင်း"
ကားတံခါးဖွင့်ကာ ဆင်းသွားသည့် ကောင်ငယ်လေးမှာတော့ နွမ်းလျစွာဖြင့်။
လက်ဖဝါးကရလိုက်သည့် အပူရှိန်ကတော့ တော်တော်လေးများတာမို့ အခုထိတိုင်ပူနေသလိုပင် ထင်မိသည်။
ကောင်လေးအိမ်ထဲ ဝင်သွားကာမှ ကားစက်နှိုးရင်း ချိန်းထားသော နေရာဆီသို့ ထွက်လာခဲ့မိတော့သည်။
![](https://img.wattpad.com/cover/343906951-288-k944444.jpg)
YOU ARE READING
နှလုံးသားအရင်းအနှီး [Complete]