အပိုင်း ၉

13.7K 789 12
                                    

[Zawgyi]

ဒီနေ့က ဇေယျာတိုး ဖွင့်ပြောပြီး နောက်ပိုင်း သုံးရက်မြောက်နေ့။

အဲ့ဒီနေ့ ဖွင့်ပြောပြီး နောက်ပိုင်းကစ၍ အောင်စေပိုင် အိမ်လဲမလာတော့သလို ကျောင်းလဲ လာမကြိုတော့ပေ။

သို့သော်လဲ ဒေါ်ဒေါ်နွယ်နှင့် အမေကတော့ ဖုန်းဖြင့် စကားခနခနပြောဆိုနေသံ ကြားရသည်။

အစထဲက တမင်လုပ်ကြံ ဖန်တီးယူထားတဲ့ ကံကြမ္မာပဲလေ။

အခုတော့ ပြီးသွားပြီပေါ့။

အစထဲက တပတ်ပဲ လို့ပြောသားပဲ။

ဟိုကောင်တွေအလောင်းအစားကြောင့်သာ အဲ့ဘဲကြီးနား ရှိနေရတာ။

အောင်စေပိုင်ဆိုသည့် လူကြီးကို တစက်ကလေးမှကြည့်လို့ရတာမဟုတ်ဘူး။

အခုလို မတွေ့ရတာ ပိုတောင်ကောင်းသေးတယ်။ ဘာမှမဖြစ်ဘူး။ ဟ ဟ အေးဆေးပဲ။

ကိုယ်အတွေးနဲ့ကိုယ် အတွေးလွန်နေခိုက် နောက်မှ ဇက်ပိုးကို ဖြောင်းခနဲ မြည်အောင် ရိုက်ခံလိုက်ရသည်။

လှည့်ကြည့်တော့ ဖြိုးပိုင်အောင် နဲ့ မင်းဇော်။

"မင်းကလဲ မှိုင်နေလိုက်တာကွာ။ ဘာလဲ မင်းဘဲကြီးကို လွမ်းလို့လား"

"ထွီ...ဟရောင့် လွမ်းစရာလားကွ။ ငါက စော်လေးတွေရှိုးနေတာ။ ကြည့်စမ်း ဘယ်လောက် လှလိုက်တဲ့ အလှတရားလေး တွေလဲ။"

"ဟုတ်မှလဲ လုပ်ပါ သားကြီးရာ။ မင်းရုပ်က စော်ငမ်းတဲ့ ရုပ်လဲ ဟုတ်မနေပါဘူး။ လင်ကို မျှော်နေပြီး လင်ပူမိနေတဲ့ရုပ်"

"မိန်းမကြိုက်တော့ မျှော်လိုက်တာ။ ယောက်ျားကြိုက်တော့ ဆိုက်ဆိုက်လာတဲ့။ အခုတော့ မင်းက မျှော်နေရပြီပေါ့"

"တော်ပြီကွာ။ မင်းတို့နဲ့ စကားမပြောတော့ဘူး ငါစော်လေးတွေရှိုးနေရတာ အာရုံပျက်တယ်"

"ဟာ ဟိုမှာ မင်းဘဲကြီးကား..."

အပေါက်ဝကို အလန့်တကြားလှမ်းမျှော်ကြည့်တော့ ဘာမှမတွေ့။

ဖြိုးပိုင်အောင်နဲ့ မင်းဇော်ကတော့ ခွက်ထိုးခွက်လန် ရယ်ကြလေသည်။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now