အပိုင်း ၁၅

13.8K 690 7
                                    

(Zawgyi)

စားပွဲထိုးလာချပေးသည့် ရှမ်းခေါက်ဆွဲကို သေချာစွာ တူဖြင့် နယ်ပေးနေသည့် အောင်စေပိုင့်လက်များကို ကြည့်နေမိသည်။

လက်ချောင်းရှည်ရှည်တွေက သေသပ်လှပစွာ ထုဆစ်ထားသကဲ့သို့ ညီညာခန့်ညားလှသည်။ တူကိုင်ထားသည့် လက်ချောင်းရှည်ရှည်တွေကို ကြည့်ရင်း ရေငတ်လာတာကြောင့် တံတွေးတချက် မျိုချလိုက်မိသည်။

အင်း...ရှမ်းခေါက်ဆွဲကစားကောင်းမဲ့ ပုံပါပဲ။

နယ်ဖတ်ပြီး ရှမ်းချဉ်နှင့်တကွ သူ့ဆီကို ပန်းကန်တို့ တွန်းပို့လာသည်။

"ဖြေးဖြေးစားနော် ပူတယ်"

"ဟုတ်ကဲ့ ကိုစေ ကျေးဇူး"

ပြောလိုက်တော့ ကိုအောင်စေပိုင်က အပြုံးရယ် မမည်သော ခပ်ချိုချို မျက်နှာတစ်ခုကို ပြန်ပေးသည်။ ရုတ်တရက် ပူလောင်လာသော မျက်နှာပြင်ကြောင့် ခေါင်းကိုဖြတ်ခနဲ ငုံ့လိုက်ရင်း ရှမ်းခေါက်ဆွဲကိုသာ အာရုံစိုက်စားလိုက်မိတော့သည်။

ဒီရက်ပိုင်း ရာသီဥတုက ပူလာတာအမှန်ပဲ။

စားသောက်ပြီးတော့ ဆိုင်ထဲမှ ထွက်လာရင်း တစ်ဖက်ကားလမ်းမှာ ရေခဲမုန့်သည်ကို တွေ့လိုက်မိသည်။ စားချင်စိတ်ဖြင့် ဘေးနားက သွားနေတဲ့ ကိုအောင်စေပိုင့်လက်မောင်းကို ဖြတ်ခနဲ လှမ်းကိုင်လိုက်မိသည်။

"ကိုစေ"

"အင်း"

လက်မောင်းကို ကိုင်ဆွဲထားသော မိမိဆီအကြည့်ပို့ရင်း ပြန်ဖြေလာလေတော့

"ကျွန်တော် ရေခဲမုန့်စားချင်တယ်"

တဖက်ကားလမ်းက ရေခဲမုန်သည်ဆီ လက်ညိုးထိုးရင်း ပြလိုက်တော့

"အင်း ကိုယ်သွားဝယ်ပေးမယ်လေ"

"ကျွန်တော် ဘာ အရသာတွေ ရှိလဲ ကြည့်ချင်သေးတာ"

"အင်း အင်း အဲ့ဒါဆို သွားမယ်လေ"

လိုချင်တာ ရသွားတာမို့ ကျေနပ်စွာပြုံးရင်း ကိုင်ဆွဲထားသော လက်မောင်းကို ဖယ်လိုက်တော့သည်။

ဒါ သူအမြဲလိုချင်တာရှိရင် သူ့အမေကို သုံးနေကျနည်းလမ်းလေ ဟဲဟဲ။ လက်မောင်းကို ကိုင်ပြီး သနားကမားဖြင့်ပူဆာနေသော ဒီချောမောလှပတဲ့ကောင်လေးရဲ့ မျက်နှာကို ဘယ်သူက တင်းခံနိုင်မှာလဲ။

နှလုံးသားအရင်းအနှီး [Complete]Where stories live. Discover now