[Zawgyi]
မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော အမေ့ကို ဇေယျာတိုး အနောက်က ဖက်လိုက်ရင်း
"ဟင့် မေမေ"
"နိုးပြီလား မေ့သားလေး။ သက်သာရဲ့လားဘယ်လိုနေသေးလဲ"
"ပါးစပ်တွေခါးနေတယ် ခေါင်းလဲကိုက်တယ် ကိုယ်တွေလက်တွေလဲ နာနေတယ် နှာခေါင်းလဲပိတ်နေတယ် အသက်လဲရှုလို့မရဘူး ဟင့် "
"အမလေး အကဲပိုလေး။ အဖျားက ကျနေပြီကိုနော် ဂျီကျမနေနဲ့တော့"
"တကယ်ပြောတာ မေရဲ့....ဟင့်"
"အင်းပါ။ ရော့ ဒီမှာ ကြက်စွပ်ပြုတ်ပူပူလေးသောက်လိုက်"
"မေ ချက်ထားတာလား"
"မဟုတ်ဘူး ခုနက အမဒေါ်တင်နွယ်နဲ့ သားလေးအောင်စေပိုင်လာသွားတယ်လေ။ သားကိုလာကြည့်တာတဲ့။ သား အိပ်နေလို့ မသိလိုက်ဘူးထင်တယ်"
ဇေယျာတိုးလဲ ဘာမှမပြောမိတော့။
ကြက်စွပ်ပြုတ်ကိုသာ သောက်လိုက်မိသည်။
ဂျင်းနံ့မွှေးမွှေးလေးနှင့် ငရုတ်ကောင်းခပ်ထားသော ကြက်စွပ်ပြုတ်ကြောင့် ခံတွင်းရှင်းကာ သောက်လို့ကောင်းသည်မို့ တပန်းကန် ပင်ကုန်အောင်သောက်မိလိုက်တော့သည်။
သူ့အမေကတော့ ဘေးကထိုင်ကာ အောင်စေပိုင်တို့အကြောင်းပြောပြနေလေသည်။
"အမ တင်နွယ်က အရမ်းသဘောကောင်းတာသားရဲ့။ သူလဲ မော်လမြိုင်ဇာတိပဲတဲ့လေ။ အပျိုကြီးတဲ့။ အခုတော့ ဒီရန်ကုန်မှာပဲ သူ့တူလေးနဲ့ နှစ်ယောက်ပဲ တူတူနေနေတာတဲ့။ အားကိုးစရာ ယောက်ျားသားလဲမရှိ အဖော်လဲမရှိဆိုတော့ အမေနဲ့ အရမ်းခင်ပြီး စကားတွေ ပြောသွားတာအကြာကြီးပဲ"
"ဟုတ်လား။ သူတို့ကလဲ မော်လမြိုင်ကပဲလား"
"သူတို့ ညီအမက မော်လမြိုင်ဇာတိတဲ့။ ညီမလေးက ရန်ကုန်က လူနဲ့အကြောင်းပါပြီး အိမ်ထောင်ကျသွားတာမို့ ရန်ကုန်မှာပြောင်းနေတာတဲ့လေ။ သားစေပိုင်လေးရဲ့ အမေက ညီမလေးတဲ့"
"အော်"
"စေပိုင်လေးက သနားစရာပါကွယ်။ သူ့မိဘနှစ်ယောက်လုံး ကားတိုက်မှုနဲ့ ဆုံးပါးသွားပြီးနောက်ပိုင်း အဒေါ်ကပဲ စောင့်ရှောက်ခဲ့တာတဲ့"
YOU ARE READING
နှလုံးသားအရင်းအနှီး [Complete]
![နှလုံးသားအရင်းအနှီး [Complete]](https://img.wattpad.com/cover/343906951-64-k944444.jpg)