Taerae တစ်ယောက်အလုပ်လျှောက်ရန် လိုအပ်သည်များကိုစစ်ဆေးနေသည်။
အတိတ်မေ့နေတာကြောင့် ဆေးရုံထိသူနဲ့အတူပါလာတဲ့ကျောပိုးအိတ်ကြောင့်သာ သူကျောင်းပြီးထားတာ သိရသည်။
အတိတ်က Taeraeက အလွန်စေ့စပ်ပုံပေါ်သည်။
အိတ်ကမထွက်လာခင် လိုအပ်သည်များကိုပြည့်ပြည့်စုံစုံ ထည့်သိမ်းလာခဲ့သည်။
ပိုက်ဆံတစ်ချို့လဲပါလာတာကိုကြည့်ချင်းအားဖြင့် သူဟာမရှိဆင်းရဲ ဘဝကမွေးဖွားလာတာမဟုတ်ဟုထင်ရသည်။ကျောင်းသားကဒ်ကြောင့် အသက်ကိုသိနိုင်ပေမယ့် မိဘနာမည်တွေပါမလာခြင်းကြောင့်
Taerae ဒီလောက်ဘဲ ခန့်မှန်းနိုင်သည်။မိသားစုဓာတ်ပုံလေးတောင်မရှိတဲ့ Taerae ဘာအကြောင်းတွေကြောင့် အိမ်ကထွက်ပြေးလာရသလဲဆိုတာတော့ စဥ်းစားမရဖြစ်နေသည်။
ဘာဘဲဖြစ်ဖြစ် သူအလုပ်လုပ်ရမည်။
Rickyပြောတာမှန်ပါ၏ အိမ်မှာ
အငြိမ့်သားထိုင်စားလို့မှမရတာကို Taeraeနားလည်သည်။
သူတို့ဟာ လက်ထပ်စာချူပ်ပေါ် လက်မှတ်တွေကိုယ်စီ ထိုးထားကြပေမယ့် တစိမ်းဆိုတဲ့ဆက်ဆံရေးထက်ပိုမလာခဲ့ပါ။ထို့နောက် Taeraeအားလုံး အဆင်သင့်ဖြစ်သည်နှင့် အိမ်ကနေ အလုပ်လျှောက်ရန်ထွက်လာခဲ့သည်။Taxi စီးရင်ပိုက်ဆံပိုကုန်နိုင်တာကြောင့် Busဘဲစီးဖို့ဖြစ်သွားသည်။
ထွက်ပြေးလာခဲ့စဥ် သူနဲ့အတူပါလာတဲ့ပိုက်ဆံကိုသာ သုံးဖို့စိတ်ကူးထား၍ သူချွေတာရမည်လေ။TV မှတစ်ဆင့်မြင်ခဲ့ဖူးသော ကုမ္မဏီရှိရာသို့ Busစီး၍ရောက်လာခဲ့သည်။
Taeraeက စက်မှုအင်ဂျင်နီယာ ဘွဲ့နှင့်ကျောင်းပြီးထား၍ ဘွဲ့နှင့်ဆိုင်သော ကုမ္မဏီရှာ၍ အလုပ်လျှောက်ရမည်။ဒါမှသာအမြန်အလုပ်ရမှာဖြစ်သည်။
အတွေးလေးတွေနဲ့ တက်ကြွနေသောTaeraeမှာ အနောက်မှခေါ်သံကြောင့် ခြေလှမ်းတွေတုံ့ခနဲဖြစ်လို့သွားသည်။"Kim Taerae!!"
ခေါ်သံကြောင့် အနောက်ကိုလှည့်ကြည့်တော့ အသေအချာကို Rickyဖြစ်နေတာပင်။
သူ့ကို ဒေါသထွက်နေကြောင်း ထောင်ထနေတဲ့မေးကျောတွေနဲ့ နီရဲနေတဲ့မျက်လုံးတွေက သက်သေပြနေသည်။Taeraeဘာစကားမှပြန်မပြောနိုင်ခင် Rickyက သူ့လက်ကို ကြမ်းတမ်းစွာဆွဲ၍ ကားရှိရာသို့ခေါ်လာခဲ့သည်။
ကားက လမ်းရဲ့ဘေးကျကျမှာရပ်ထားတာကြောင့် ကားလမ်းကိုကူး၍သွားရသည်။
ဒေါသကြီးနေသော Rickyက ဒေါသအလျောက်ဘာမှမမြင်နိုင်စွာ Taeraeအား အားကုန်သုံး၍ ဆွဲခေါ်လာသည်။
မီးနီနေတာကြောင့် ကားတွေကြား သူတို့ဟာအနှောက်အယှက်ဖြစ်နေတော့သည်။
ကားပေါ်မှ လူတွေရဲ့အော်ဟစ်သံတွေနှင့်အတူ ကားဟွန်းတီးသံတွေကြောင့်ရုတ်တရက် Taeraeခေါင်းတွေအဆမတန်ကိုက်ခဲလာသည်။
မျက်လုံးတွေဝေဝါးလာပြီး ပုံရိပ်တွေဟာ မပီမပြင်။
ကားတစ်စီး သူ့ဆီအရှိန်တစ်ခုနဲ့လာနေသောကားတစ်စီးကို ဝေဝေဝါးဝါးမြင်နေရသည်။ထို့နောက် စက်ဘီးတစ်ခြား လူတစ်ခြားဖြစ်ပြီး လွင့်ထွက်သွားသော ခန္ဒာကိုယ်။